ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဆိုက်ရောက်လာတဲ့ လေယာဥ်တစ်စီးရဲ့ လေယာဥ်ဘီးအုံနေရာမှာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: AFP)
ပါရီမြို့ရှိ Charles de Gaulle လေဆိပ်ကို ဆိုက်ရောက်လာတဲ့ Boeing 777 လေယာဥ် ဘီးအုံနေရာမှာ ခိုးလိုက်လာသူတစ်ဦးရဲ့ အလောင်းကို ယနေ့ (ဇန်နဝါရီ ၈ ရက်) မနက်အစောပိုင်းက Charles de Gaulle လေဆိပ်မှာ တွေ့ရှိခဲ့ရကြောင်း ပြင်သစ်လေကြာင်းလိုင်း (Air France) က အတည်ပြုခဲ့ပါတယ်။ သို့သော် သေဆုံးသူရဲ့ အသက်ကိုတော့ လေကြောင်းလိုင်းက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။
(Map: Daily Mail)
ယခုဖြစ်ရပ်ဟာ ABidjan လေဆိပ်ရဲ့ လုံခြုံရေးပေါ့လျော့မှုကို ထင်ရှားစေကြောင်း အိုင်ဗရီကို့စ်နိုင်ငံ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးဟာ လေယာဥ်မှာ ယခုကဲ့သို့ ခိုးလိုက်လာနိုင်မှုအပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
Abidjan မြို့မှ ပါရီမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဥ် အကွာအဝေးဟာ မိုင် ၃,၀၀၀ အထိရှိကြောင်း သိရပါတယ်။ လတ်တလော နှစ်များအတွင်း လေယာဥ်ခိုးစီးတဲ့ ဖြစ်ရပ်အချို့ရှိခဲ့ဖူးပြီး အထူးသဖြင့် အာဖရိကမှ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထိုသို့ လေယာဥ်ခိုးစီးရာမှာ လေယာဥ်ဘီးအုံနေရာမှာ ညပ်ပြီးသေဆုံးမှု သို့မဟုတ် အေးခဲသေဆုံးမှုတွေ တွေ့ခဲ့ရကြောင်း သိရပါတယ်။