ဒီအချက်လေးတွေကို လုပ်ထားမယ်ဆိုရင် လေယာဉ်မူးတာကို ကာကွယ်နိုင်ပါတယ်။

ဒီတစ်ပတ်မှာတော့ ခရီးသွားတို့ လေယာဉ်စီးတဲ့အခါ ဖြစ်ပေါ်တတ်လေ့ရှိကြတဲ့ လေယာဉ်မူးခြင်းပြသနာကနေ သက်သာစေဖို့အတွက် ဆောင်ရန် ရှောင်ရန် အကြုံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်ရှင်။





ထိုင်ခုံနေရာကြိုတင်သေချာရွေးချယ်ပါ


လေယာဉ်တောင်ပံအနီးနားမှာရှိတဲ့ ထိုင်ခုံကိုကြိုတင်ရွေးချယ်ပါ။ အရှေ့ သို့မဟုတ် အနောက်နဲ့ နှိုင်းယှဉ်လျှင် လှုပ်ရှားမှုနည်းတာကြောင့် လေယာဉ်မူးခြင်းကိုအနည်းငယ်လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Window Seat ( ဒါမှမဟုတ် )  ပြတင်းပေါက်အနီးနားမှာရှိတဲ့ ထိုင်ခုံနေရာတွေကလည်း မြင်ရတဲ့မြင်ကွင်းတွေကို အာရုံစူးစိုက်နိုင်ပြီး အမြင်အာရုံကိုကြည်လင်စေတဲ့အတွက် လေယာဉ်မူးခြင်းကို လျော့ချပေးနိုင်ပါတယ်။


သီချင်းနားထောင်ပါ


လေယာဉ်ပေါ်မှာ စာဖတ်တာ ၊ ဖုန်းသုံးတာ ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ အသုံးပြုတာစတဲ့ အနီးကပ်အာရုံစိုက်မှုတွေက လေယာဉ်မူးခြင်းကို ပိုမိုဆိုးရွားစေနိုင်စေတဲ့အတွက် သီချင်းနားထောင်ပြီး အနားယူလို့လည်းရပါတယ်။



ရေများများသောက်ထားပါ


လေယာဉ်မပျံသန်းခင်နဲ့ ပျံသန်းနေစဉ်အချိန်အတွင်းမှာ ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများသောက်ပေးဖို့ လိုပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ လေယာဉ်မူးခြင်းရဲ့ လက္ခဏာတွေကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။



အစားအသောက်ဂရုစိုက်ပါ


လေယာဉ်မထွက်ခင် ပေါ့ပါးပြီး အစာကြေလွယ်သော အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ အဆီများ၊ အစပ်များတဲ့ အစားအစာများ ( ဒါမှမဟုတ် ) အစာကြေမလွယ်တဲ့ အစားအစာတွေကို စားသုံးခြင်းဟာ ကိုယ်လက်မအီမသာဖြစ်စေနိုင်ပြီးလေယာဉ်မူးခြင်းကိုပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။



acupressure wristbands သုံးပါ


acupressure wristbands လို့ဆိုတဲ့ လက်ပတ်တွေကိုအသုံးပြုခြင်းဟာ လက်ကောက်ဝတ်မှာရှိတဲ့ သွေးကြောတွေကို ဖိအားသက်ရောက်စေပြီး လေယာဉ်မူးခြင်းကို သက်သာစေနိုင်မှာပဲဖြစ်ပါတယ်။

လေယာဉ်စီးနင်းသူဟာ မကြာခဏ ပြင်းထန်သော လက္ခဏာများ ခံစားနေရသူဖြစ်ပါက လေယာဉ်မူးရောဂါသက်သာစေတဲ့ ဆေးဝါးတွေ ကြိုတင်သောက်သုံးဖို့ ဆရာဝန် နှင့်တိုင်ပင်ထားသင့်ပါတယ်ရှင်။



လေယာဉ်စီးသူ ခရီးသွားတို့အနေဖြင့် လေယာဉ်မူးခြင်းလက္ခဏာဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တဲ့အတွက်ကြောင့် ယခုဖော်ပြပါအချက်တွေထဲက ကိုယ်နဲ့အဆင်ပြေနိုင်မယ့် အသက်သာဆုံးနည်းလမ်းကို လုပ်ဆောင်နိုင်ပါတယ်။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က