လေဆိပ်အဆင်းမှာ ဖြစ်ခဲ့တာပါ

နယူးအော်လင်းကနေ ဆီယက်တဲလ်ကို ဆင်းသက်ခဲ့တဲ့ Alaska Airlines ပေါ်မှာ Samsung ဖုန်းတစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

           တနင်္လာနေ့ ညနေပိုင်းက Alaska Airlines လေယာဉ်မှာ ကြုံတွေ့ခဲ့တာ ဖြစ်ပြီး မီးလောင်မှု ဖြစ်ခဲ့တဲ့ ဖုန်းက Samsung Galaxy A21 ဖြစ်တယ်လို့လည်း ဆီယက်တဲလ်လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ပယ်ရီကူးပါးက The Seattle Times ကို ပြောပါတယ်။



Photo: The Verge



           "စစ်ဆေးတွေ့ရှိမှုအရ ဖုန်းဟာ မမှတ်မိလောက်အောင် မီးလောင်ကျွမ်းသွားတယ်ဆိုတာ ပြောနိုင်ပါတယ်။" လို့ ကူးပါးရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ "ဒါပေမယ့်လည်း ဆီယက်တဲလ်လေဆိပ်ရဲအရာရှိတွေထဲက တစ်ဦးကို မေးမြန်းရာမှာတော့ ဖုန်းပိုင်ရှင်ကိုင်လာတာ Samsung Galaxy A21 ဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းအပျက်အစီးတွေကြည့်ပြီး အတည်မပြုနိုင်ပါဘူး"

           Samsung ရဲ့ ထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီဟာ ဘေးကင်းရေးကို ထိပ်တန်း ဦးစားပေးထားကြောင်း ၊ အခြေအနေကို သိရှိပြီး သေချာစုံစမ်းနေကြောင်း ဖော်ပြထားပါတယ်။ Galaxy A21 ဖုန်း မီးလောင်မှုဟာ Alaska Airlines Flight နံပါတ် 751 ယာဉ်ရဲ့ ပစ္စည်းထားတဲ့ Cargo ခန်းထဲမှာ ဖြစ်ပွားခဲ့တာပါ။ ဖုန်းမီးလောင်မှုကြောင့် မီးတောက်မီးခိုးထွက်ရာကနေ လေယာဉ်ဝန်ထမ်းတွေဟာ အရေးပေါ် မီးသတ်မှုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။


Photo: MySmart Price


           လေဆိပ်မှာ လေယာဉ်ဆင်းဆင်းချင်း ဖြစ်ခဲ့တာပါ။ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် နှစ်ယောက်တော့ ဒေသဆေးရုံပို့လိုက်ရတယ်လို့လည်း Seattle-Tacoma နိုင်ငံတကာလေဆိပ်ရဲ့ Tweet က ဆိုပါတယ်။ ဖုန်းကတော့ မမှတ်မိလောက်အောင် ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ Samsung ဟာ Galaxy Note 7 ဘက်ထရီမီးလောင်ပေါက်ကွဲမှုတွေကြောင့်လည်း ဈေးကွက်ကနေ Note 7 မော်ဒယ်တွေ ပြန်သိမ်းတဲ့အဖြစ် ကြုံခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က