ကိုယ့်ရဲ့ ဖြစ်တည်မှုကို ချပြနိုင်ကြလို့ လေးစားမိတယ်။

အေသင်ချိုဆွေက LGBT တွေအတွက် အားပေးစကားပြောလာပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ရဲရဲဝံ့ဝံ့ချပြနိုင်သူတွေ ဖြစ်တာကြောင့်လည်း လေးစားတယ်လို့ ဆိုပါတယ်။

Photo: အေသင်ချိုဆွေ


အဆိုတော် အေသင်ချိုဆွေက သူမကိုယ်တိုင် LGBT တွေကို အားပေးတဲ့အကြောင်း ပြောပြလာပါတယ်။ အားနည်းချက်တစ်ခုလို့ သတ်မှတ်ထားရင်လည်း အရှုံးနဲ့ ရင်ဆိုင်ရမယ်လို့ သူကဆိုပါတယ်။

’အားနည်းချက်တစ်ခုလို သတ်မှတ်ပြီး ဖုံးကွယ်နေရင် ရှင်သန်ရတာ ပင်ပန်း တယ်၊ နှစ်ခါရှုံးတယ်၊ လို့ မြင်မိပါတယ်။ ကျွန်မက LGBT ကိုအကြီးအကျယ် support တာပါနော်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ည ၁၁ နာရီ ၅ မိနစ်ကသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် မှာရေးသားခဲ့ပါတယ်။

Photo: အေသင်ချိုဆွေ

အဲဒီနောက် LGBT တွေအတွက် အားပေးစကားကိုလည်း အေသင်ချိုဆွေက ဆက်လက်ပြောပြလာပါတယ်။ လူသားတစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝကိုလည်း လေးစားတယ်လို့ဆိုပါတယ်။

‘’ကိုယ့်ရဲ့ ဖြစ်တည်မှုကို လွတ်လပ်စွာ၊ ရဲရဲဝံ့ဝံ့ ချပြပြီး လူသားတစ်ယောက် ပီသစွာဖြင့် အဓိပ္ပါယ်ရှိရှိ ရှင်သန်၊ ရုန်းကန်နေကြတဲ့ လူသားတစ်ယောက်ချင်းဆီကို တကယ်လေးစားတယ်၊ ကိုယ်ရဲ့ဖြစ်တည်မှုကို ဖော်ပြပါ၊ လက်ခံပါ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့ သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် ၁ နှစ်ကျော်အရွယ် ရောက်ရှိလို့နေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။

Photo: အေသင်ချိုဆွေ

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က