ရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မှာပါ။

ယူနိုက်တက်အနေနဲ့ လာမယ့်အပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ကစားသမားအများစုကိုအပြောင်းအလဲ ပြုလုပ်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့လာမယ့်အပြောင်းအရွှေ့စျေး ကွက်ကာလအတွင်းတောင်ပံကစားသမားလင်ဂတ်၊ ကွင်းလယ်ကစားသမားပီရီရာတို့ကို ရောင်းချဖို့ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားရဲ့ အတည်ပြုမှုကို dailymail က ကိုးကားဖော်ပြလာပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်နဲ့ပီရီရာတို့ဟာလက်ရှိနည်းပြဆိုးလ်ရှားလက်ထ က်မှာ ကြံ့ခိုင်မှုပိုင်လိုအပ်ချက်များကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်ဆုံးရှုံးနေသူများဖြစ်သလို ခြေစွမ်းပိုင်းလိုအပ်ချ က်ရှိနေသူများလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ နည်းပြဆိုးလ်ရှားအနေနဲ့ လင်ဂတ်၊ ပီရီရာတို့ကို သီးခြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ တယ်လို့ သိရပြီး ညှိနှိုင်းမှုအချို့အရအဆင်မပြေမှုများရှိခဲ့တဲ့အတွက် ကစားသမားတွေကိုယ်တိုင်ကလည်းအသ င်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

လင်ဂတ်အနေနဲ့ ရာသီဝက်ကမှပြောင်းရွှေ့လာတဲ့ ဖာနန်ဒက်စ်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခွင့် ရဖို့ရှိနေပြီး ပီရီယာမှာလည်း မာတစ်၊ ဖရက်ဒ်တို့ရဲ့နောက်တွင်သာ ကစားခွင့်ရဖို့ရှိနေတဲ့အတွက် အသင်းသစ်ရှာ ဖွေဖို့ ဆုံးဖြတ်ခဲ့ဟန်တူတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။

ဆက်စပ်သတင်းတွေအရ လင်ဂတ်နဲ့ပီရီယာတို့နှစ်ဦးကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်အသင်းအချို့ရှိနေခဲ့ပြီး အတည်ပြုခြင်းမရှိသေးပေမယ့် ဝက်စ်ဟမ်း၊ အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်တို့ပါဝင်နေတယ်လို့လည်း thesun အပါအဝင် ဗြိတိန်မီဒီယာအများစုက သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က