လှိုင်သာယာမြို့နယ်မှာ ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တွေကို စတင်ဖမ်းဆီးအရေးယူဒဏ်ရိုက်မှုတွေ ပြုလုပ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေ အများအပြားရှိနေကြောင်းနဲ့ ဖမ်းမိခဲ့ရင် ဒဏ်ကြေး ၅ သိန်းပေးရမှာဖြစ်တယ်လို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံအသိပေးထားတာရှိတယ်လို့ သိရပါတယ်။
" နေရာတိုင်းမှာဖမ်းနေတာ။ ဖမ်းထားတာတွေလည်း ရှိနေတယ်။ အုပ်ကြီးကတော့ညကလည်းအော်တယ်၊ခုနေ့ခင်းလည်းရပ်ကွက်ထဲလာအော်တယ်၊ ဆိုင်ကယ်ဖမ်းမိရင် ၅ သိန်းပေးရမယ်ပေါ့။ ဆိုင်ကယ်နဲ့ပတ်သက်ပြီးဘာနဲ့ပဲတွဲထားတွဲထာယဖမ်းတာပဲ။ တုတ်တုတ်ပုံစံတွေလည်းဖမ်းတာပဲ။ရပ်ကွက်ထဲတော့စီနေတာပဲ။အဓိကမိန်းလမ်းမကြီးတွေမှာဖမ်းနေတယ်။မိန်းလမ်းမကြီးပေါ်တက်ရင်အကုန်ဖမ်းတယ်။ ဟိုက်ဝေးလမ်းမကြီးကနေ ဘေးလမ်းသွယ်တွေလည်းဖမ်းတယ်။ " လို့ လိူင်သာယာ ဒေသခံကပြောပါတယ် ။
Photo - HTY Information
ဆိုင်ကယ်ဖမ်းဆီးမှုတွေကိုတော့ မြို့ထဲက လမ်းမကြီးတွေအပါအဝင် လမ်းဆုံးလမ်းခွတွေမှာ ပိတ်ဆို့ဖမ်းဆီးတာတွေလုပ်ဖေမ်းဆီးတာတွေပြုလုပ်နေဆဲလို့င်နေတာဖြစ်ပြီး ၊ ခုချိန်ထိ သိရပါတယ်။
ဆိုင်ကယ်တွေ ဖမ်းဆီးပြိးဒဏ်ရိုက်နေတာကြောင့် စက်ရုံအလုပ်သမားတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ ကျန်းမာကိစ္စစတဲ့ ကိစ္စရပ်တွေအတွက် သွားလာရေးအခက်အခဲဖြစ်ပြီး ဒုက္ခရောက်ကုန်တယ်လို့ ဒေသခံက ပြောပါတယ်။
" ဆိုက်ကားကလည်း ဈေးကဒါပဲ။ ဆိုင်ကယ်ငှါးခကလည်းဒါပဲဆိုတော့ ဆိုက်ကားသမားတွေကလည်း ဆိုင်ကယ်မောင်းကြတယ် ။ဆိုင်ကယ်လိုင်စင်လည်း မလိုဘူး။ တစ်သိန်းခွဲလောက်ဆို ကယ်ရီလုပ်ကြတယ်။ စီးတဲ့သူကလည်း မြန်တာကိုပဲရွေးတယ်။ အခုဖမ်းတယ်ဆိုတော့ ထမင်းအိုးရိုက်ခွဲလိုက်သလိုပဲ။အားလုံးက ဒေါသတွေထွက်နေကြတယ်။ ဒီတော့ မဖြစ်မနေ စားဝတ်နေရေးလုပ်ရမယ့်သူတွေကတော့ ဆိုင်ကယ်မောင်းနေကြတာပဲ။ သူတို့ကို သတိထားပြီး ရှောင်လုပ်ကြရတာပါ့။ ဆိုင်ကယ်ပိုင်ရှင်တွေကတော့ ခုရက်သိပ်မစီးကြဘူး " လို့ လိူင်သာယာ ဘုရားလမ်းမှာနေထိုင်သူကပြောပါတယ်။
လိူင်သာယာမြို့နယ်မှာ ကားမှတ်တိုင်နဲ့ လူနေအိမ်တွေက အလှမ်းဝေးခြင်း၊ အလုပ်လုပ်ကိုင်ရတဲ့စက်မှုဇုန်တွေကလည်း ကားမှတ်တိုင်းနဲ့ဝေးခြင်း၊ မြို့တွင်း တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အခါ ဆိုင်ကယ်ကိုသာ အဓိကအသုံးပြုနေရတာဖြစ်လို့ ဆိုင်ကယ်စီးဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။