အခုလို အချိန်တိုအတွင်း နေအိမ်တွေကို ဖျက်သိမ်းခံလိုက်ရတာကြောင့် ကျုူးကျော်နေအိမ်တွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအအနေနဲ့ နေထိုင်ရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးတလျောက်က ကျူးကျော်နေအိမ်တွေကိုတာဝန်ရှိသူတွေက ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မနက်ပိုင်းမှာ အင်အားသုံးပြီး ဖျက်သိမ်းနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 



ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို အပြီးဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ ထဲက လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်က အသိပေးထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - CJ

" ဖျက်ခိုင်းနေတာက အရင်ရက်တွေကတည်းက။ မဖျက်ရင်အရေးယူမယ်၊ ကလန်ကဆန်လုပ်ရင် အဖမ်းခံရမယ်ဆို၊ မဖျက်မနေဖျက်ကို ဖျက်ပေးရမှာဆိုတော့ တချို့လည်း အရင်ရက်တွေကတည်းက ဖျက်နေတာရှိတယ်။ တချို့ကလည်း နောက်ဆုံး သူတို့လာဖျက်မှပဲ ရွှေ့မယ်ဆိုပြီး နေတာလည်းရှိတယ်။ဒီနေ့တော့ ရဲတွေရော၊ စစ်သားရောအင်အားအများကြီးပဲ။ စဖျက်နေတာ မနက်ကတည်းက " လို့ လှိုင်သာယာဒေသခံကပြောပါတယ်။

အခုလို အချိန်တိုအတွင်း နေအိမ်တွေကို ဖျက်သိမ်းခံလိုက်ရတာကြောင့် ကျုူးကျော်နေအိမ်တွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအအနေနဲ့ နေထိုင်ရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဓာတ်ပုံ - CJ

" နှစ်ကုန်လောက်ထိ အချိန်ပေးရင်တောင် တော်ပါသေးတယ်။ အခုတော့ ဘဝပါပျက်မယ့်အခြေအနေဖြစ်သွားပြီ။ အခုကာလအလုပ်အကိုင်မကောင်းလို့ စားဖို့အဆင်မပြေတောင်ချွေတာစားလို့ရသေးတယ်။ နေစရာမရှိတော့တာက ဘဝပျက်မှာ။ အခုက ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ။အိမ်ငှားနေဖို့ဆိုတာလည်းအချိန်ယူရတာပဲ။ ဘာဆက်လုပ်ရမလဲမသိတော့ပါဘူး။ " လို့ ကျူးကျော်နေအိမ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ကျူးကျော်နေအိမ်တွေဖြိုဖျက်ဖို့အတွက်  ဘူဒိုဇာကားတွေ အပါအဝင် စည်ပင်ကား၊ စစ်ကား ၊ ရဲကား ၊ အချုပ်ကားတွေလည်း ပါဝင်တာတွေ့ရတယ်လို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ လူဦးရေ ၇ သိန်း ကျော်နေထိုင်မှုရှိပြီး အဲ့ဒီအထဲမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကျူးကျော်နေထိုင်သူ လက်လုပ်လက်စားက နေထိုင်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က