တကယ်ပါသင့်သူတွေကျန်နေရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖီဖာက နှစ်စဉ်ရွေးချယ်ပေးအပ်လေ့ရှိတဲ့ The Best Award အခမ်းအနားကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဆုပေးအပ်မှုမှာ တဦးချင်းအကောင်းဆုံးဆုတွေရရှိခဲ့သူတွေက အငြင်းပွားဖွယ်မရှိဆွတ်ခူးနိုင်ခဲ့ကြပြီး ပရိသတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီမှုအပြည့်ရှိခဲ့တယ်လို့ ယူဆခဲ့ရပါတယ်။ ဒါပေမယ့်လည်း တနှစ်တာအကောင်းဆုံးအသင်းကို ရွေးချယ်ရာမှာတော့ နည်းနည်းအငြင်းပွားစရာတော့ ဖြစ်ခဲ့ရပါတယ်။ 

အကောင်းဆုံးအသင်းကို မဲပေးရွေးချယ်မှုနဲ့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ဒီနှစ်ရဲ့အသင်းမှာတော့ တိုက်စစ်ကစားသမား ၄ ဦးအထိ ပါဝင်လာခဲ့ပါတယ်။ ဂျော်ဂျင်ဟို၊ ကန်တေ၊ ရော်နယ်ဒို၊ ကီဗင်ဒီဘရိုင်းနဲ့ ရူဘင်ဒီယက်စ်တို့က ပရီးမီးယားလိဂ်ကစားသမားတွေအဖြစ် ရွေးချယ်ခံခဲ့ရပြီး ချယ်လ်ဆီးဂိုးသမား မန်ဒီနဲ့ လီဗာပူးလ်တိုက်စစ်မှူးဆာလာတို့ မပါဝင်ခဲ့တာက အငြင်းပွားစရာဖြစ်လာခဲ့ပါတယ်။ 

၃-၃-၄ ကစားကွက်ကို အခြေခံထားတဲ့ ဒီအသင်းမှာ တိုက်စစ်ကစားသမားတွေအဖြစ် မက်ဆီ၊ ဟာလန်း၊ ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့က ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တဲ့ မန်ဒီလွဲချော်ခဲ့ပြီး ဆန်ခါတင် ၃ ဦးအဆင့်မှာ ပါဝင်ခဲ့တဲ့ ဆာလာလည်း လွဲချော်ခဲ့လို့ အားလုံးအံ့အားသင့်ခဲ့ရပြီး မန်ဒီနေရာမှာ ဒွန်နာရမ်မာက ရွေးချယ်ခံခဲ့ရပါတယ်။ 

အကောင်းဆုံးအသင်းမှာ ဂိုးသမားအဖြစ် ဒွန်နာရမ်မာ၊ နောက်တန်းမှာ ဒီယက်စ်၊ ဘိုနူချီနဲ့ အလာဘာ၊ ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ ဒီဘရိုင်း၊ တိုက်စစ်မှာ ရော်နယ်ဒို၊ ဟာလန်း၊ လီဝန်ဒေါစကီးနဲ့ မက်ဆီတို့ဖြစ်ပါတယ်။ ဒီတော့ ဆန်ခါတင်အဆင့်မှာပါခဲ့သူတွေက အကောင်းဆုံးအသင်းမှာမပါခဲ့သလို တဦးချင်းဆုမှာ ဂိုးသမားဆုရခဲ့သူကလည်း လွဲချော်နေလို့ ပရိသတ်တွေက ဝေဖန်နေကြတာပါ။ 

မဲပေးရွေးချယ်မှုအပေါ်မှာ အခြေခံခဲ့တယ်ဆိုပေမယ့်လည်း တကယ်ပါသင့်ပါထိုက်သူတွေ မပါဝင်တာက မဖြစ်သင့်ဘူးလို့လည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီနှစ်ရဲ့ အကောင်းဆုံးအသင်းက ဘယ်လိုမှအဓိပ္ပာယ်မရှိသလို ကစားကွက်ပိုင်းအရလည်း ဟန်ချက်ညီမျှမှုမရှိဘူးလို့ တချို့က ထောက်ပြခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က