ဘရာဇီးလ်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။

ကမ္ဘာ့ဖလားအုပ်စုအဆင့်အတွက် မဲခွဲမှုတွေပြုလုပ်အပြီးမှာတော့ အင်္ဂလန်အသင်းဟာ ဘရာဇီးလ်ရဲ့နောက် ဒုတိယနေရာကနေ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်လာပါတယ်။ အုပ်စုတွင်းမှာ အင်္ဂလန်က အမေရိကန်၊ အီရန်၊ စကော့တလန် (သို့)၊ ဝေးလ် (သို့) ယူကရိန်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တဆင့်ကို အလွယ်တကူတက်ရောက်လိမ့်မယ်လို့ ယူဆခံနေရပါတယ်။ 

ဆောက်ဂိတ်ရဲ့အသင်းဟာ ၁၅ လေး ၂ လေး အခြေအနေကနေ ၇ လေး ၁ လေးအနေအထားအထိကို ကြေးတွေမြင့်တက်လာခဲ့ပြီး ဘွတ်ကီတွေရဲ့ အလေးပေးမှုကို ရရှိခဲ့ပါတယ်။ မူလကတော့ ဘရာဇီးလ်နဲ့ ပြင်သစ်နောက်မှာသာရှိခဲ့ပေမယ့် သူတို့ရဲ့ လမ်းကြောင်းချောင်မှုတွေကြောင့် ရေပန်းစားမှုအဆင့်မြင့်တက်လာခဲ့ပြီး ပြင်သစ်ကိုပါ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ 


အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးရင် အင်္ဂလန်ဟာ အုပ်စု-က က ဒုတိယရအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အိမ်ရှင်ကာတာ၊ ဆီနီဂေါ၊ အီကွေဒေါ၊ နယ်သာလန်တို့အုပ်စုဖြစ်ပြီး နယ်သာလန်က အုပ်စုဗိုလ်ဖြစ်မယ်လို့ ယူဆခံထားရကာ ကျန် ၃ သင်းနဲ့ ရင်ဆိုင်ရမှာမို့ ကွာတားဖိုင်နယ်ကို အင်္ဂလန်က သေချာပေါက်တက်နိုင်လိမ့်မယ်လို့ အားလုံးက သုံးသပ်ခဲ့ကြပါတယ်။ 

အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ အနိးကပ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့်လည်း အထင်ကြီးမှုတွေကို ရရှိနေတာဖြစ်ပြီး အုပ်စုမဲခွဲအပြိးမှာ ဘွတ်ကီတွေက ဗိုလ်စွဲဖို့ ဒုတိယနေရာအထိကို ခန့်မှန်းခဲ့ပြီး သူတို့ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရတေ့ာမှာဖြစ်ပါတယ်။ 


ရေပန်းစားမှုတွေမှာတော့ ဘရာဇီးလ်၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနား၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီတို့ အစဉ်လိုက်ရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က