လှည်းကလေးနဲ့တစ်ပိုင်တစ်နိုင်ရောင်းတဲ့ လက်ဖက်ရည်ဆိုင်လေးပါ။

လက်ဖက်ရည်ဆိုင်မှာဝန်ထမ်းအဖြစ် ၁၅နှစ်နီးပါးအလုပ်လုပ်ခဲ့တဲ့ကိုနန်းလင်းက ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်လေးဖွင့်နိုင်ဖို့ဟာ သူရဲ့စိတ်ကူးအိမ်မက်ဖြစ်ပါတယ်။လက်ဖက်ရည်သမားတွေအတွက် လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်ကို ဈေးတန်တန်နဲ့သောက်ရမယ့်ဆိုင်လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။



လှည်းကလေးနဲ့ရောင်းတဲ့ လက်ဖက်ရည်

ဒီဆိုင်လေးကတော့ လှည်းကလေးနဲ့တစ်ပိုင် တစ်နိုင်ရောင်းတဲ့လက်ဖက်ရည်ဆိုင်လေးပါ။ လှည်းလေးနဲ့ရောင်းတဲ့ဆိုင်သေးလေးဆိုပေမယ့် လက်ဖက်ရည်အရသာကို နှစ်သက်သလို ဖျော်စပ်ခိုင်းလို့ရသလိုကော်ဖီလည်းရတဲ့ ဆိုင်လေးဖြစ်ပါတယ်။မနက်ခင်းဆိုရင် လက်ဖက်ရည်ကြိုက်သူတွေနဲ့ စည်ကားနေတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်။

လှည်းလေးလက်ဖက်ရည်ရဲ့အစ

လက်ဖက်ရည်ဆိုင်မှာဝန်ထမ်းအဖြစ် ၁၅နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ ကိုနန်းလင်းက ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်လေးဖွင့်နိုင်ဖို့ဟာ သူရဲ့စိတ်ကူးအိမ်မက်ဖြစ်ပါတယ်။ဒီအိမ်မက်ကို အကောင်ထည်ဖော်ဖို့အတွက် သူတက်ကျွမ်းတဲ့ပညာနဲ့သူတက်နိုင်တဲ့အရင်းနှီး ပေါင်းစပ်ပြီးလှည်းကလေးနဲ့ လက်ဖက်ရည် ဆိုင်လေးအဖြစ်စတင်ခဲ့တာပါ။

“ကျွန်‌တော်က အသက်၁၅နှစ်လောက်ထဲက လက်ဖက်ရည်ဆိုင်မှာ အကူဘဝနဲ့အလုပ် စဝင်ခဲ့တယ်။အဲ့ကနေ အဖျော်စရာဖြစ်လာတာ ဝန်ထမ်းဘဝက၁၅နှစ်လောက်ကြာတယ်။ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်လေးဖွင့်နိုင်ဖို့က ကျွန်တော်ရဲ့အိမ်မက်ပါ။ကိုယ်နိုင်တဲ့အရင်းအနှီးလေးနဲ့လှည်းကလေးနဲ့ပဲစဖွင့်ဖြစ်ခဲ့တာပါ”လို့ ကိုနန်းလင်းကသူ့ဆိုင်‌လေး အကြောင်း ပြောပြပါတယ်။

လှည်းမရောက်ခင်ထဲကဖောက်သည်တွေကြိုရောက်

ဆိုင်သေးပေမယ့် လက်ဖက်ရည်ရဲ့အရသာက မသေးတာကြောင့် ဆိုင်ဖွင့်ပြီးလပိုင်းအတွင်း မှာပဲ ပုံမှန်ဖောက်သည်တွေရှိတဲ့ဆိုင်လေးဖြစ် လာပါတယ်။မနက်ဆိုင်ရင် ကိုနန်းလင်းရဲ့ လက်ဖက်ရည်လှည်းလေးမရောက်ခင်ထဲက သူရဲ့ဖောက်သည်တွေက ကြိုရောက်ပြီး စောင့်နေကြပြီဖြစ်ပါတယ်။

“စရောင်းတုန်းကတော့ ၄,၅သောင်းဖိုးလောက်ပဲ ရောင်းရတယ်။နောက်ပိုင်းကြ လက်ဖက်ရည် ကောင်းတယ်လို့သိလာကြပြီး ဖောက်သည် တွေရလာတယ်။မနက်ဆို ဆိုင်မဖွင့်ခင်ထဲက စောင့်နေကြပြီ”လို့ ကိုနန်းလင်းက ပြောပါတယ်။

ဆုံရပ်ဖြစ်လာတဲ့ လက်ဖက်ရည်ဆိုင်လေး

ပါဆယ်အဓိကရောင်းတဲ့ဆိုင်လေးဖြစ်ပေမယ့်လည်း ထိုင်သောက်ချင်တဲ့သူတွေအတွက် ခုံလေးတွေရှိတာမို့ မနက်ပိုင်းလမ်း လျှောက်ထွက်လာတဲ့ သူတွေအတွက်လည်း သူ့ဆိုင်လေးက တစ်ထောက်နားစရာနေရာ လေးဖြစ်ပါတယ်။ကားမှတ်တိုင်အနီးမှာမို့ မနက်ပိုင်ရုံးသွားတဲ့သူတွေ လိုင်းကားမောင် းသူတွေကလည်း ဒီဆိုင်လေးက‌ေန လက်ဖက်ရည်ဝယ်ယူကြပါတယ်။

အရသာကောင်းသလိုဈေးလည်းသက်သာ

ဒီဆိုင်မှာလက်ဖက်အချိုခြောက်ကိုနှပ်ပြီး အစိမ်းဖောက်ဖျော်စပ်ပေးတာပါ။ စီလုံတီးကလွဲလို့ ကျစိမ့်၊ချိုစိမ့်၊ပေါ့စိမ့် နှစ်သက်သလိုမှာယူလို့ရပါတယ်။လက်ဖက်ရည်မကြိုက်တဲ့ ကော်ဖီသမားတွေအတွက်လည်း ကော်ဖီကောင်းကောင်းရပါတယ်။လက်ဖက်ရည်ဈေးနှုန်းသက်သာတာမို့ပင်စင်စားလူကြီးတွေ၊‌ဝင်ငွေနည်းသူတွေအတွက် ဒီဆိုင်လေးက အဆင်ပြေသက်သာတဲ့ဆိုင်လေးလို့လည်းဆိုနိုင်ပါတယ်။

ဆိုင်နေရာနဲ့ဈေးနှုန်း

ဒီဆိုင်လေးမှာတော့ လက်ဖက်ရည်၊ ကော်ဖီ တစ်ခွက်ကို (၁၅၀၀)ကျပ်ဝန်းကျင်ဖြစ်ပါတယ်။ (ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်)။ဆိုင်က မနက်၆နာရီကနေနေ့လည်၁၂နာရီအထိ ဖွင့်ပါတယ်။ဆိုင်နေရာလေးကတော့ သမိုင်းလမ်းဆုံအကျော် ကုလားကျောင်းကားမှတ်တိုင်အနီးမှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က