အသက်(၃၂)နှစ်အရွယ်တရုတ်အမျိုးသားဖြစ်ပါတယ်။

အဆိုပါတရုတ်အမျိုးသားဟာ ပြီးခဲ့တဲ့နှစ်ပတ်ခန့်ကမှ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဆေးရုံကိုလည်း သူကိုယ်တိုင်ကားမောင်းပြီး ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ 

photo- လှိုင်သာဟာမြို့နယ်သတင်းများ

ဒီကနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ နေ့လယ်(၁၁)နာရီလောက်က လှိုင်သာယာဆေးရုံကို ဖျားနာနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးရောက်ရှိလာပြီး သူ့ရဲ့ ရောဂါလက္ခဏာတွေကြောင့် စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီဆေးရုံကို ပို့လိုက်ပြီလို့သိရပါတယ်။

 အဆိုပါအမျိုးသားဟာ လှိုင်သာယာဆေးရုံကိုရောက်လာတဲ့အချိန်မှာ ဖျားနေပြီး ချောင်းဆိုးတဲ့ လက္ခဏတွေရှိတယ်လို့ လှိုင်သာယာဆေးရုံအုပ်ကြီးက ပြောပါတယ်။

“ ကျွန်တော်တို့ဆီကို မနက်(၁၁)နာရီလောက်က သူကိုယ်တိုင်ကားမောင်းပြီး ဆေးရုံကိုရောက်လာတာ။ သူ့ရဲ့ဆေးမှတ်တမ်းကိုကြည့်တော့ အပြင်ဆေးခန်းမှာပြထားတာတော့တွေ့တယ်။ ဒါ‌ပေမယ့် မသက်သာလို့ ဆေးရုံကို ရောက်လာတဲ့သဘော။ သူကဖျားလည်းဖျားနေတယ်၊ ချောင်းလည်းဆိုးနေတယ် ဆိုတော့ ကျွန်တော်တို့က စောင့်ကြည့်လူနာအဖြစ်သတ်မှတ်တာပေါ့နော်။ ဒီမှာကလည်း စောင့်ကြည့်လူနာတွေကိုထားဖို့ ဝေဘာဂီဆေးရုံမှာစီစဉ်ထားတာဆိုတော့ အခု နေ့လယ် (၂)နာရီလောက်ကပဲ ဝေဘာဂီဆေးရုံကို လွှဲပေးလိုက်ပြီ” လို့ လှိုင်သာယာဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက Duwunကိုပြောပါတယ်။

photo- လှိုင်သာဟာမြို့နယ်သတင်းများ

အခုတရုတ်အမျိုးသားက အသက်(၃၂)အရွယ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကမှ တရုတ်ကနေ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စောင့်ကြည့်လူနာအဖြစ် ဝေဘာဂီဆေးရုံသီးသန့်ခန်းမှာထားရှိထားတာဖြစ်ပြီး ရောဂါပိုး ရှိ၊မရှိ စစ်ဆေးဖို့ကိုတော့ ဝေဘာဂီဆေးရုံဘက်ကတာဝန်ရှိသူတွေကပဲ ဆက်လက်ဆောင်ရွက်လိမ့်မယ်လို့ ဒေါက်တာဆန်းလွင်ဦးကပြောပါတယ်။ 

Share

Loading Next Article...
က္က