လှိုင်သာယာမှာ စက်ရုံစုစုပေါင်း ၁၈၀၀ ကျော်ရှိပါတယ်။

လှိုင်သာယာမှာ စက်ရုံအလုပ်ရုံပေါင်း ၁၈၀၀ကျော်ရှိပြီး ၉၀၀ကျော်ကို စစ်ဆေးပြီးလို့ ပြန်ဖွင့်ခွင့်ပြုထားသလို ထပ်မံစစ်ဆေးဖို့ တင်ပြထားတဲ့စက်ရုံ ၂၀ကျော်ရှိတယ်လို့လည်းသိရပါတယ်။

(ဓာတ်ပုံ-ကျန်းမာရေးစစ်ဆေးမှုအောင်မြင်လို့ ပြန်လည်ဖွင့်လှစ်ခွင့်ရထားတဲ့ ချန်းရိဖိနပ်စက်ရုံ)

လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံအလုပ်ရုံ ၁၈၀၀ကျော်အနက် ကျန်းမာရေးစစ်ဆေးမှု ပြီးစီးလို့ ပြန်လည်ဖွင့် လှစ်ခွင့်ရတဲ့ စက်ရုံအလုပ်ရုံပေါင်း ၉၀၀ကျော်ရှိသလို ကျန်းမာရေးစစ်ဆေးဖို့ တင်ပြလာနိုင်ခြင်းမရှိသေးတဲ့ စက်ရုံပေါင်းကလည်း ၉၀၀ကျော်ရှိနေသေးတယ်လို့ အလုပ်ရုံနဲ့အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက ဦးစီး မှူး ဦးသူရအောင်က Duwunကိုပြောပါတယ်။



ကိုဗစ်ကာလမှာ စက်ရုံအလုပ်ရုံတွေကို သတ်မှတ် စည်းကမ်းနဲ့အညီ ဆောင်ရွက်ထားရှိမှသာ ပြန်လည်ဖွင့်ခွင့်ပြု မယ်လို့ ညွှန်ကြားထားပြီးနောက် စက်ရုံအလုပ်ရုံတွေအနေနဲ့ ကျန်းမာရေးစည်းမျဉ်းသတ်မှတ်ချက်တွေကို ဖြည့် စွက်ပြီး ကျန်းမာရေးဌာနရဲ့ စစ်ဆေးမှုကို ခံယူကြရပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးစစ်ဆေးပေးဖို့ တင်ပြလာတဲ့ စက်ရုံတွေရှိမှ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ နဲ့ ပူးပေါင်းပြီး လိုက်ပါဆောင်ရွက်ပေးရတာပါ။အခုတော့ ကျွန်တော်တို့ဆီမှာ စစ်ဆေးပေးဖို့ တင်ပြထားတဲ့ လက် ကျန် စက်ရုံ ၂၀လောက်ရှိနေပါတယ်။သူတို့ကိုတော့ စစ်ဆေးပေးသွားရမှာပါ။စုစုပေါင်း စက်ရုံ ၁၈၀၀ကျော်မှာ စစ်ဆေးပြီးလို့ ပြန်ဖွင့်နိုင်တာ ၉၀၀ကျော်ရှိပြီး မစစ်ရသေးတာကလည်း ၉၀၀ကျော်ရှိပါတယ်။”လို့ ဦးသူရအောင် က ပြောပါတယ်။

ကျန်းမာရေးစစ်ဆေးခံဖို့ တင်ပြလာနိုင်ခြင်းမရှိတဲ့ စက်ရုံတွေရဲ့ အဓိက အကြောင်းရင်းကို အတိအကျမသိရပေ မယ့်လည်း စက်ရုံတွေရဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်မှာ ဝယ်လက်မရှိတဲ့အခြေအနေတစ်ခုကြောင့် စက်ရုံ လည် ပတ်နိုင်ခြင်းမရှိသေးကြတဲ့ သဘောမျိုး ရှိတယ်လို့တော့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် က သုံးသပ်ပြောပါသေးတယ်။ လှိုင်သာယာမြို့နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ဦးရှိခဲ့ပြီး လက်ရှိမှာ ၅ဦးစလုံး ရောဂါပိုး ပြန်လည်ကင်း စင်သွားပြီလည်း ဖြစ်ပါတယ်။

မေလ ၁၆ ရက်က လှိုင်သာယာမြို့နယ်တွင်း လူပေါင်း ၁ သိန်း ၄ သောင်းကျော်ကို တစ်အိမ်တက်ဆင်း ကိုယ်အပူချိန်တိုင်းတာ ၊ ရောဂါရာဇဝင်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ရာ ရောဂါလက္ခဏာ သံသယရှိသူ (၆) ဦးတွေ့ရှိ ခဲ့လို့ ဆေးရုံကိုပို့ဆောင်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့တာပါ။ ဓာတ်ခွဲစစ်ဆေးချက်အရ လူနာ (၆) ဦးစလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၇ ရက် ည ၈ နာရီထုတ်ပြန်ချက် အရ သိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။ လှိုင်သာယာမှာတော့ ဝန်ထမ်းအင်အားလျော့ချတဲ့ စက်ရုံအလုပ်ရုံ ၂၀ ခန့်ရှိတယ်လို့လည်း ဦးသူရအောင်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က