လာမယ့် မေ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လှိုင်သာယာကိုစနေနဲ့တာမွေကို တနင်္ဂနွေနေ့တွေမှာ စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

COVID-19ပိုးတွေ့လူနာတွေရှိတဲ့ လှိုင်သာယာမြို့နယ်နဲ့ တာမွေမြို့နယ်က ရပ်ကွက်အချို့ကို အင်းစိန်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကွက်အလိုက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Duwun ကို ပြောပါတယ်။



အင်းစိန်မြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ရပ်ကွက်အတွင်းနေထိုင်သူတွေကို ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၄ ရပ်ကွက်မှာနေထိုင်သူ လူဦးရေ ၅ သောင်းဝန်ကျင်းကို ဆေးစစ်ခဲ့ရာမှာတော့ ၁၆ ဦးကို ကွာရန်တင်းနေရာ ကိုပို့ဆောင်ခဲ့ပါတယ်။

“လာမယ့် မေလ ၁၆၊၁၇ စနေနဲ့တနင်္ဂနွေမှာ လှိုင်သာယာနဲ့တာမွေကို အင်းစိန်နည်းတူ စစ်မယ်၊ လှိုင်သာယာမှာ ၁၀ရပ်ကွက်၊ ၆ရပ် ကွက်(ကျန်စစ်သားအိမ်ယာ)နဲ့ ချန်းရိဖိနပ်စက်တို့ကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မယ်၊ စနေနေ့တစ်ရက်တည်း အပြီးစစ်မှာဖြစ်ပြီး တာမွေကိုတော့ စစ်ဆေးရမယ့်ရပ်ကွက် အတည်မပြုရသေးပါဘူး”လို့ ဦးနိုင်ငံလင်းက ပြောပါ တယ်။

လှိုင်သာယာမြို့နယ်မှာ COVID-19 အတည်ပြုလူနာ ၅ ဦးရှိနေပြီး တာမွေမြို့နယ်မှာ ၁၀ ဦး ရှိနေတာဖြစ်ကာ အင်းစိန်မြို့နယ်ကတော့ ၄၃ ဦးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ကူးစက်ခံရမှု အများဆုံးမြို့နယ်ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က