အယ်လ်နာဆာကလည်း ဂိုးပြတ်နိုင်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဖာတက်ချ်နဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ အယ်လ်နာဆာက ငါးဂိုးပြတ်နဲ့ ခြေစွမ်းပြ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာအတွက် ဂိုးတွေကို ရော်နယ်ဒိုက ဟက်ထရစ်၊ မာနေးက နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာတော့ ရော်နယ်ဒိုက မာနေးရဲ့ အဖွင့်ဂိုးအတွက် လှလှပပ ဖန်တီးပေးခဲ့ပြီး ဒီဖန်တီးမှုကလည်း ပရိသတ်တွေအတွက် တော်တော်လေး ပြောစရာဖြစ်နေခဲ့ပါတယ်။ ဘရိုဇိုဗစ် ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက မာနေးရဲ့ ပြေးလမ်းကြောင်းထဲ ကျောပေးလျက်အနေအထားနဲ့ နောက်ပြန်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။


အဲ့ဒီနောက်မှာတော့ မာနေးကလည်း လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်သွားခဲ့ပြီး အယ်လ်နာဆာအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက အယ်လ်နာဆာအတွက် ဟက်ထရစ်၊ မာနေးကလည်း နောက်ထပ်တစ်ဂိုး သွင်းယူကာ အယ်လ်နာဆာတို့ အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါဟာ အယ်လ်နာဆာအတွက်တော့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။ အယ်လ်နာဆာဟာ ရာသီအဖွင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားများနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရော်နယ်ဒို၊ မာနေးတို့ကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ကြားရက်မှာ AFC ချန်ပီယံလိဂ်အုပ်စုအဆင့်ဝင်ခွင့်ပွဲကို အနိုင်ကစားနိုင်ခဲ့တဲ့နောက် အယ်လ်နာဆာတို့ လမ်းကြောင်းမှန်ပေါ် ရောက်လာခဲ့ပြီး အခုလိုမျိုး လိဂ်မှာလည်း ရော်နယ်ဒို၊ မာနေးတို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က