ယုန်လေးကတော့ ထီလက်မှတ် အစောင်(၅၀၀) လှူခဲ့တဲ့ အထဲက ထီဆုတွေ ပေါက်ကြတဲ့အပေါ် သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။
Photo: Yone Lay
အဆိုတော် ယုန်လေးကတော့ သူကိုယ်တိုင် လိုက်လှူခဲ့တဲ့ ထီလက်မှတ်လေးတွေကနေတဆင့် ထီဆုတွေ ပေါက်ခဲ့ကြသူတွေအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ထီလက်မှတ်တွေကိုတော့ သြဂုတ်လ(၂၉) ရက်နေ့က လမ်းဘေးဈေးရောင်းနေသူတွေ၊ စားဝတ်နေရေး အဆင်မပြေကြသူတွေအတွက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။
" ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ်။ အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး။လိုက်လှူတဲ့အထဲက အခု ၅ သောင်းဆု (၁၅)ဆုကျော်ပါနေပါပြီ ။ ၁သိန်းဆု တစ်ဆု ပါနေပါပြီ။ ၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ။ နောက် အစောင် ၇၀၀ ကျော်ကျန်သေးလို့ ထပ်တိုက်နေပါတယ်။ ပေါက်တဲ့ နံပါတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ်။ ဘာပဲဖြစ်ဖြစ် ထီ လက်မှတ်လိုက် ဝေထားတာ တကယ်လိုအပ်တဲ့ သူတွေကြီးပဲ ဖြစ်လို့ ၅သောင်း ၊ ၁သိန်းလည်း သူတို့ပျော်ကြမှာပါ။ ထပ်ပြီး တော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောယောက် ထပ်ပါရင်ပိုကောင်းမယ်ဗျာ။ ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်း။ အားလုံး Peace" ဆိုပြီးတော့ စက်တင်ဘာလ (၁)ရက်နေ့ နေ့လယ် (၁) နာရီကျော်က ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
Photo: Yone Lay
ယုန်လေးကတော့ သူလှူခဲ့တဲ့ ထီလက်မှတ်တွေမှာ ထီဆုတွေပေါက်ဖို့အတွက် သြဂုတ်လ(၂၆) ရက်နေ့က စွယ်တော်စေတီက ညောင်ပင်ကြီးမှာ အဓိဌာန်ဝင်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ရိုက်ကူးရေးလုပ်ဖို့ (၁) နှစ်ပိတ်ပင်ခံထားရပေမယ့် ပရဟိတအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ လုပ်ခွင့်ရသလောက် အနုပညာအလုပ်လေးတွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။
Photo: Yone Lay
ယုန်လေးဟာ Covid ကာလအတွင်းမှာလည်း COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာများ လိုအပ်နေတဲ့ ဆေးရုံ၊ ရပ်ကွက် နဲ့ မြို့နယ်တွေကို သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယုန်လေးဟာ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။