နေရာ ၆ နေရာမှာ တပ်သွားမှာပါ။

လှိုင်သာယာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုရှိဖို့ ဒုစရိုက်မှုကျုးလွန်တတ်တဲ့ နေရာတွေမှာ စီစီတီဗွီကင်မရာများ ထပ်မံတပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးက ပြောပါတယ်။

(လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားအမှတ် ၂ ကိုတွေ့ရစဉ်။ Photo- Simon-Vlog.com)

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဌမပုံမှန်အစည်းအဝေးမှာ လှိုင်သာယာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာမြို့နယ် အတွင်း တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုစေရန် လမ်းဆုံ လမ်းခွတွေနဲ့ ဒုစရိုက်မှု ကျူးလွန်တတ်တဲ့ နေရာတွေမှာ စီစီတီဗွီ ကင်မရာတွေတပ်ဆင်ကာ စောင့်ကြည့် နိုင်ရန် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက် ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရံုံး အစီအစဉ် ဖြင့် တူးချောင်းတိုးဂိတ်၊ အနောက်ပိုင်း တက္ကသိုလ်အဝိုင်း၊ ပန်းလှိုင် တံတား၊ ရွှေပြည်သာတံတား၊ အောင်ဇေယျတံတားနှင့် ဘုရင့်နောင်တံတား အမှတ် (၁/၂) တို့တွင် စီစီတီဗွီ ကင်မရာများ ထပ်မံတပ်ဆင်ရန် စီစဉ်ထားပါတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအား အလေးထား ကြပ်မတ် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက်ကစတင်ကာ မြို့နယ်အတွင်း စီစီတီဗွီ ကင်မရာ တွေ တပ်ထားပြီး မြို့မ ရဲစခန်းမှာအထိုင်စက်နဲ့ စောင့်ကြည့် ဆောင်ရွက်နေတယ်လို့သိရပါတယ်။

(လှိုင်သာယာမြို့နယ်တွင်း တစ်နေရာကို တွေ့ရစဉ်။ Photo- Simon-Vlog.com)

လှုှိင်သာယာမြို့နယ်မှာ ၂၆.၀၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စုု၊ ကျေးရွာပေါင်း (၁၈) ရွာ၊ အိမ်ခြေ(၁၃၄၀၃၆)၊ အိမ်ထောင်စု (၁၄၉၇၁၇)၊ နေထိုင်သူ လူဦးရေမှာ (၇၄၉၇၄၂) ဦးနေထိုင်ပြီး၊ လမ်းမကြီး(၃)လမ်း၊ လမ်းသွယ် (၁၂) ခုဖြင့် ဖွဲ့စည်းထားတာပါ။

မြို့နယ်ရဲ့ အရှေ့ဘက်မှာ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ အနောက်ဘက်မှာထန်းတပင်မြို့နယ်၊ တောင်ဘက်မှာ ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ် နဲ့မြောက်ဘက်မှာ ရွှေပြည်သာမြို့နယ် တို့နဲ့ ထိစပ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က