သေနတ်တွေလည်း ဖမ်းမိခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က နေအိမ်ပေါ်မှာ သေနတ်နဲ့ အသေပစ်ခတ်မှုမှာ ပါဝင်ခဲ့သူတွေထဲက ၅ ယောက်ကို မိပြီလို့ တရားခံဖမ်းစဉ်မှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိတစ်ဦးက Duwun ရဲ့မေးမြန်မှုကိုပြန်လည်ဖြေကြားပါတယ်။



 

42543852_153867748883608_3590040223582519296_n.jpg

Photo - ရိုးမ ပန်း

 

လှိုင်သာယာမြို့နယ်၊အပြင်ပဒံကျေးရွာမှာ စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က အသက် ၅၆ နှစ်အရွယ် ဝါးကြီး(ခ) ခင်မောင်လွင်ကို အမျိုးသားတစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ။ လူသတ်ပြီး ပြန်လည်ထွက်ပြေးသွားတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ကပိတ်ဆို့ရှာဖွေခဲ့ပြီးတော့ ရန်ကုန်-တွံတေးကားလမ်းပေါ်မှာ မော်တော်ယာဉ်နဲ့ ကားပေါ်ပါ အမျိုးသားတစ်ဦးကို ဖမ်းဆီးရခဲ့ပြီးတော့ ကျန်သူတွေက ရေထဲခုန်ချထွက်ပြေးသွားတာကြောင့် စက်လှေနဲ့ လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ တွံ့တေးနားက  မြဂိုးရွာမှာ ဖမ်းမိတယ်လို့ ရဲအရာရှိကပြောပါတယ်။

Photo - ရိုးမ ပန်း

"လေးယောက်ဖမ်းမိတာရယ် ၊ ပထမ တစ်ယောက်ရယ်ဆိုတော့ ၅ ယောက်ရှိပါပြီး သေနတ်အတို တစ်လက်နဲ့ အရှည်တစ်လက် မိပါတယ်။ အကြောင်းအရာ အသေးစိတ်ကိုတော့ နောက်မှပဲ ထုတ်ပြန်ပေးပါမယ်။"လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။

ဦးခေါင်းနောက်စေ့နဲ့ နားထင်မှာ ကျည်မှန်ဒဏ်ရာ တစ်ချက်စီနဲ့ သေဆုံးခဲ့တဲ့ ဝါးကြီး(ခ)ခင်မောင်လွင်ရဲ့ အလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကနဦး မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ အကြွေး သိန်း ၃၅၀ ပြန်မပေးလို့ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က