မီးလောင်မှုကြောင့် လူနေအိမ် ၁၀၀ ကျော်ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီးရှိ ညောင်ရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် မွန်းလွဲပိုင်းက မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

Photo- Myanmar Fire Services Department



မီးလောင်မှုကြောင့် လူနေအိမ် ၁၀၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo- Myanmar Fire Services Department

မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က လှိုင်သာယာမြို့နယ် ညောင်ရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့က Level 2 အဆင့်ဖြင့်ထွက်ခွာမီးငြိမ်းသတ်ခဲ့ရာမှာ ၃နာရီ ၂၃ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လ ၉ ရက် တုန်းကလည်း လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာ စက်မှုဇုန် (၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းမှ ဓာတ်ဆီဆိုင်တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ညောင်ရွာကျေးရွာက ကျုးကျော်အိမ် ၉၄ လုံးခန့် မီးလောင်ကျွမ်းခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၄၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်မှုကိုလည်း Level 3 အဆင့်သတ်မှတ်ပြီး တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က