ဗြိတိန်နိုင်ငံအနေနဲ့ ကူးစက်မှုကို မြို့အချို့မှာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပေါ် သံသယရှိနေခဲ့တာလည်းဖြ စ်ပါတယ်။

NHS ရဲ့တာဝန်ရှိသူတစ်ဦးရဲ့ အတည်ပြုချက်အရ ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမြင့်တ က်လာခဲ့ခြင်းက စပိန်ပရိသတ်များကြောင့် ဖြစ်နိုင်ကြောင်း၊ လီဗာပူး-အက်သလက်တီကိုပွဲစဉ်က သံသယဖြစ်စ ရာဖြစ်လာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို Guardian ရဲ့ အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။

သတင်းတွေထွက်ပေါ်တဲ့အတိုင်း အစောပိုင်းကူးစက်ခံရမှုနှုန်းတွင် မြို့တော်လန်ဒန်က အများဆုံးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လီဗာပူးမြို့နဲ့နီးစပ်မြို့များမှာ ကူးစက်ခံရသူအရေအတွက် အဆမတန်မြင့်တက်လာခဲ့ပြီး သေဆုံး သူအရေအတွက်လည်း များလာခဲ့တာပါ။



“ တကယ်ကိုစိတ်မကောင်းစရာပါ။ လီဗာပူးမြို့မှာတွေ့ရတဲ့ ကူးစက်ခံပြည်သူတွေရဲ့အခြေအနေက သိပ်ပြီးမေ ကာင်းကြသလို သေဆုံးမှုနှုန်းကလည်း များနေပါတယ်။ ဖြစ်စဉ်ရဲ့အစကနဦးကို ရှာရခက်ပေမယ့် စပိန်နိုင်ငံက နေတဆင့် ကူးစက်လာတာလားလို့ သံသယရှိမိပါတယ်။ အန်ဖီးလ်ကိုရောက်လာတဲ့ စပိန်ပရိသတ် ၃,ဝဝဝထဲ က တစ်ယောက်က ဗြိတိန်ကို စပြီးကူးစက်စေသလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ် ” လို့ ကျန်းမာရေးဋ္ဌာ နအကြံပေးပုဂ္ဂိုလ်အန်ဂျလာမက်ကလင်းက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အစောပိုင်းသတင်းထွက်ပေါ်မှုများတွင်လည်း လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် အဆင့်ကိုတက်ရောက်သွားခဲ့တဲ့ စပိန်ကလပ်အက်သလက်တီကိုအသင်းရဲ့ ပရိသတ်တွေဆီကနေ ဗြိတိန်နိုင်ငံ က စတင်ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြမှုတွေရှိခဲ့ပါသေးတယ်။

ဗြိတိန်အစိုးရရဲ့သတင်းထုတ်ပြန်ချက်အရ လီဗာပူးမြို့အတွင်း ရောဂါကူးစက်ခံရသူနှုန်းက အခြားမြို့တွေထက် ပျှမ်းမျှအခြေအနေထက်ပိုများနေခဲ့ပြီး သေဆုံးသူ ၁၆,၅၀၉ ယောက်ရှိထားခဲ့ရာမှာ လီဗာပူးမြို့ ၂၄၆အထိသေ ဆုံးခဲ့ခြင်းက စိုးရိမ်စရာကိန်းဂဏန်းတစ်ခုဖြစ်တယ်လို့ သုံးသပ်မှုများရှိနေခဲ့ပါတယ်။

ဒီကနေ့ညနေပိုင်း worldometer ရဲ့အတည်ပြုချက်အရ ဗြိတိန်နိုင်ငံအတွင်း ရောဂါကူးစက်ခံရအသစ်၊ သေဆုံး သူစာရင်းမရှိပေမယ့် ၁၀၇,၈၉၀ ယောက် ကုသမှုခံနေရဆဲဖြစ်ပြီး ၁,၅၅၉ ယောက်က စိုးရိမ်စရာအခြေအနေရှိ နေဆဲဖြစ်တဲ့အတွက် နေအိမ်အတွင်း ကန့်သတ်နေထိုင်ရမယ့်အချိန်ကာလကို တိုးမြှင့်ထားခဲ့ရပြီလည်းဖြစ်ပါတ ယ်။

Share

Loading Next Article...
က္က