လီဗာပူးမှာ ကစားခဲ့စဉ်တုန်းက ဖလားရရှိဖို့ အနီးစပ်ဆုံးအခြေအနေရောက်ခဲ့သူပါ။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း ရရှိနိုင်တယ်လို့ ထောက်ခံပြောကြားခဲ့ပြီး လီဗာပူးအသင်း ခြေချော်တာကို မြင်တွေ့ရဖို့အတွက် ခက်ခဲတယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ မန်ချက်စတာစီးတီးအသင်းထက် ၉ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်မီ မန်ချက်စတာစီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲဲ့တာကြောင့် အသာစီးရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ဒီဇင်ဘာလတုန်းကလည်း အလားတူ အသာစီးရရှိခဲ့ဖူးပြီး မန်ချက်စတာစီးတီးအသင်းက ရာသီပိတ်ပွဲစဉ်အပြီးမှာ ရမှတ် ၁ မှတ်အသာနဲ့ လီဗာပူးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူးဟောင်း လူးဝစ္စဆွာရက်ဇ်က လီဗာပူးအသင်းအနေနဲ့ တူညီတဲ့အမှားမျိုး နောက်ထပ်တစ်ကြိမ် ပြုလုပ်တော့မှာမဟုတ်ဘူးလို့ ယုံကြည်နေပြီး ဆယ်စုနှစ် ၃ ခုနီးပါး ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရရှိသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့က ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ရာသီက အရမ်းကို ရှည်လျားလို့ပါ”

“ဒါပေမယ့် သူတို့ အခုအချိန်မှာ ကောင်းမွန်တဲ့အသာစီးရမှု ပိုင်ဆိုင်ထားပါတယ်။ ခုလက်ရှိလီဗာပူးအသင်းအနေနဲ့ အဲဒီအခြေအနေကို ခြေချော်ခွင့်ပေးမယ်လို့ တွေးကြည့်မယ်ဆိုရင်တောင် စိတ်ရှုပ်ထွေးစရာပါပဲ”

“ဒါပေမယ့် ဘောလုံးက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်”

‘သူတို့ ပြီးခဲ့တဲ့ရာသီက အချိန်တစ်ခုမှာ အခုလို အသာစီးရရှိမှုမျိုး ရခဲ့ပါတယ်။ အဆုံးမှာတော့ မန်ချက်စတာစီးတီးအသင်းက ဖလားရသွားပါတယ်”

“ကျွန်တော်တို့တုန်းက လူငယ်ကစားသမားတွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ နီးစပ်ခဲဲ့ပါတယ်”

“ကျွန်တော်တို့ သူတို့ ဒီနေ့ရနေတဲ့ ဘတ်ဂျက်မျိုးမရှိဘဲနဲ့တောင် ဖလားရလုနီးပါးဖြစ်ခဲ့တယ်”

“အခုလိုု အရာအားလုံးပေးခံထားရတဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို ရရှိရပါလိမ့်မယ်။ ပြီးတော့ ရရှိဖို့ ပိုပြီးတော့ထိုက်တန်မှု ရှိပါလိမ့်မယ်”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။

Share

က္က