မန်စီးတီးပရိသတ်တွေကို ဂွါဒီယိုလာကပြစ်တင်ခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ပြိုင်ဘက်အသင်းရဲ့ အတိတ်ကဖြစ်ရပ်ဆိုးအပေါ် မလေးမစားပြုမူခဲ့တဲ့ မန်စီးတီးပရိသတ်တွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီပွဲမှာ လီဗာပူးက မန်စီးတီးကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပါတယ်။



ဒီပွဲမစတင်ခင် (၁၉၈၉) မှာဖြစ်ပွားခဲ့တဲ့ ဟေးဘရော့ဖြစ်ရပ်ဆိုးအတွက် ကွင်းအတွင်း တမိနစ်ငြိမ်သက်တဲ့ အစီအစဥ်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးပရိသတ်တွေကတော့ ဒါကို လိုက်နာခြင်းမရှိဘဲ သံပြိုင်ဟစ်ကြွေးမှုတွေကိုသာ ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း တမိနစ်မပြည့်ခင်မှာတင် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဒီအစီအစဥ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးက “ဒီနေ့ပွဲမစခင် တမိနစ်ငြိမ်သက်ရမယ့်အချိန်မှာ အချို့သော မန်စီးတီးပရိသတ်အချို့ရဲ့ အပြုအမူအတွက် အလွန်အမင်းစိတ်ပျက်မိပါတယ်။ လီဗာပူးနဲ့ပတ်သက်တဲ့လူတိုင်းကို မန်စီးတီးက အနူးအညွှတ်တောင်းပန်ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက “အသင်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးပါပြီ။ ပရိသတ်တွေက ကျနော်တို့ဖြစ်ချင်တဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့တဲ့ လီဗာပူးနဲ့အတူ ကျနော်တို့ တသားတည်းရှိနေပါတယ်။ မန်စီးတီးအသင်းဘက်က ထုတ်ပြန်ထားတဲ့ ကြေညာချက်ကသာ ကျနော်တို့ကို ကိုယ်စားပြုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့နော်တင်ဟမ်တို့ရဲ့ (၁၉၈၉) ဧပြီ (၁၅) မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ပရိသတ်ပေါင်း (၉၇) ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့ ဒီဟေးဘရော့ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့တာပါ။ 

Share

က္က