ဘီဆစ်တပ်မှာအငှားသွားကစားနေသူပါ။

၂၀၁၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားတွေလုပ်ခဲ့လို့ အသင်းက ဘီဆစ်တပ်အသင်းထံ ၂ နှစ်အငှားချထာားတာပါ။

ဘီဆစ်တပ်အသင်းကို အငှားသွားကစားနေရတဲ့ ကားရီးယက်စ်ကတော့ အနာဂတ်မှာ လီဗာပူးအတွက် ပြန်ကစားပေးနိုင်မယ်လို့ ယုံကြည်နေတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



၂၀၁၈ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားတွေကတဆင့် ဂိုးတွေပေးလိုက်ရပြီး ရီးရဲအသင်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံဆုနဲ့ လက်လွှတ်ခဲ့ရတဲ့အတွက် လီဗာပူးအသင်းက သူ့ကို ဘီဆစ်တပ်အသင်းထံ ၂ နှစ် အငှားပို့လိုက်တာပါ။

၂၀၂၁ ခုနှစ်အထိ လီဗာပူးနဲ့ စာချုပ်ရှိနေသေးတာကြောင့် အငှားစာချုပ်ပြည့်ချိန်မှာ လီဗာပူးအတွက် တဖန် ပြန် ကစားပေးခွင့်ရဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

“အငှားပြည့်ရင် လီဗာပူးဒါမှမဟုတ် အင်္ဂလန်ကိုပြန်မယ်။အဲ့ဒါမှမဟုတ်သေးရင် ဂျာမနီပြန်မယ်။အခုချိန်မှာတော့ ဘီဆစ်တပ်နဲ့အတူ တစ်ပတ်ချင်းပဲ ပွဲတွေကို အာရုံစိုက်ထားပါတယ်။” လို့ ကားရီးယက်စ်က UK မီဒီယာ The Guardian သတင်းဌာနကို ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားချင်သလို လီဗာပူးနဲ့လည်း စာချုပ်ရှိနေသေးလို့ အသင်းနဲ့အတူ ပြန်ကစားခွင့် ရဖို့ မျှော်လင့်နေပြီး အခြားအသင်းတစ်သင်းသင်းကို ပြောင်းကစားရမယ်ဆိုလည်း အဆင်ပြေပါတယ်လို့ ကားရီးယက်စ်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ ကားရီးယက်စ်ကို ဘီဆစ်တပ်အသင်းထံ အငှားချခဲ့ပြီး ရိုးမားအသင်းက အယ်လစ်ဆန်ကို ခေါ်ယူခဲ့သလို မနှစ်ကလည်း ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က