ယမန်နေ့က လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေခဲ့တာပါ။

လီဗာပူးကြယ်ပွင့်ဂိုးသမား အယ်လီဆင်ဟာ ခြေသလုံးဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာဖို့ ကြိုးပမ်းနေသူဖြစ်ပြီး လီဗာပူးအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အပေါ့စားလေ့ကျင့်ရေးတွေ ပြန်လည်ပြုလုပ်နေပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်လီဆင်ဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ နောဝစ်အသင်းနဲ့ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး နည်းပြကလော့ပ်က အယ်လီဆင်ရဲ့နေရာမှာ ယခုနွေရာသီမှာအသစ်ခေါ်ယူထားတဲ့ အေဒရီယန်ကို အသုံးပြုနေရတာဖြစ်ပါတယ်။

အယ်လီဆင် မပါဝင်နိုင်တဲ့အချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရာသီအစပွဲစဉ်အားလုံးမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲ ရယူထားနိုင်ခဲ့ပေမယ့် နည်းပြကလော့ပ်က ၎င်းရဲ့ပွဲထွက်ကစားသမားကို ပြန်လည်ကြံ့ခိုင်မှု ပြည့်ဝလာစေချင်နေတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အယ်လီဆင် ပြန်လာနိုင်မယ့်ရက်အတိအကျကို သတ်မှတ်ဖို့အတွက် ငြင်းပယ်ခဲ့ပေမယ့် အယ်လီဆင်ရဲ့ ဒဏ်ရာ ပြန်လည်ကုစားမှုအခြေအနေဟာ တော်တော်လေး ကောင်းမွန်နေပုံရတာကို မြင်တွေ့ခဲ့ရပါတယ်။



ကြာသပတေးနေ့ နံနက်ပိုင်းမှာ အယ်လီဆင်က လီဗာပူးအသင်းရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ အပြေးလေ့ကျင့်ခန်း ပါဝင်လုပ်ဆောင်နေတဲ့ဗီဒီယိုဖိုင်ကို မျှဝေပေးခဲ့ပြီး ‘မနက်ခင်းကို ကောင်းမွန်တဲ့ပုံစံနဲ့ စတင်နေပါတယ်’လို့ ပြောကြားခဲ့ပါတယ်။


လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းအန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယင်းပွဲစဉ်မှာ အယ်လီဆင် ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က