၉ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးဟာ တနင်္ဂနွေနေ့ညနေက မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဘက် လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးနဲ့ ဂွါဒီယိုလာတို့ဟာ ဆောက်တည်ရာမရဖြစ်ခဲ့ကြလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နေရတဲ့ မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့ညနေက အန်းဖီးကွင်းမှာ ၃-၁ နဲ့ အနိုင်ယူခံခဲ့ရပြီးနောက် ယာဂင်ကလော့ပ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးအသင်းနဲ့ ၉ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖေဘင်ဟိုက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပြီး ၁၃ မိနစ်မှာ မိုဟာမက်ဆာလာက လီဗာပူး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ်မှာ ဆာဒီယိုမာနေးက ဟန်ဒါဆင်ရဲ့ ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းအတွက် ဘာနာဒိုဆေးလ်ဗားက ချေပဂိုးတစ်ဂိုး ပြန်သွင်းယူပေးခဲ့ပေမယ့် လီဗာပူးအသင်းဟာ ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့ နိုင်ပွဲအပေါ်မှာ အခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။

“အရင်ဆုံးပြောချင်တာက ကြီးမားတဲ့ပွဲစဉ်ကို ရှုံးနိမ့်ရတာက ကြောက်မက်ဖွယ်ကောင်းပါတယ်”

“ဒီနေ့ည နည်းပြ ၂ ယောက်စလုံးဆီကနေ တုံ့ပြန်မှုကို ခင်ဗျား မြင်တွေ့ခဲ့မှာပါ။ သူတို့တွေ ဘယ်လောက်ဖိအားတွေအောက်ကို ရောက်နေကြလဲဆိုတာ ခင်ဗျား မြင်နိုင်ပြီး ဒီပွဲစဉ်က သူတို့ ၂ ယောက်စလုံးအတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာလည်း မြင်နိုင်မှာပါ”

“ပက်က ခင်ဗျား ထင်ထားတာထက်ကိုပိုပြီး သူ့အိမ်ကို လုံးဝ ဆောက်တည်ရာမရဘဲ ပြန်သွားခဲ့ရမှာပါ။ တကယ်လို့ ခင်ဗျား ပမာဏကို စဉ်းစားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ပေါင်းထည့်လိုက်။ အဲဒါဆို သူ ဘယ်လောက်အထိ ဆောက်တည်ရာမရဖြစ်ခဲ့လဲဆိုတာနဲ့ အနီးစပ်ဆုံးဖြစ်လိမ့်မယ်”

“အားလုံးခြုံပြောရရင် ၉ မှတ်က ၁၂ ပွဲကစားပြီးတဲ့နောက် မန်ချက်စတာစီးတီးအသင်းအတွက် ကြီးမားတဲ့ ကွာခြားမှုကြီးပါ”လို့ beIN SPORTS ကို ပြောကြားသွားခဲ့ပါတယ်။

Share

က္က