ဖရက်ဒ်က အယ်လစ်ဆန်ကို ကျော်ပြီးသွင်းယူခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ပွဲမှာ ယူနိုက်တက်က ဆန်ချို၊ ဖရက်ဒ်၊ မာရှယ်လ်၊ ပယ်လစ်စထရီတို့ရဲ့ဂိုးတွေနဲ့အတူ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ Bangkok Century Cup ပွဲလည်းဖြစ်တာကြောင့် ပွဲအပြီးမှာ ယူနိုက်တက်က ဆုဖလားကို လက်ခံရရှိခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမိနစ် (၃၀) မှာတင် ယူနိုက်တက်က ဆန်ချို၊ ဖရက်ဒ်တို့ရဲ့ဂိုးတွေနဲ့အတူ လီဗာပူးကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားတာပါ။ အထူးသဖြင့် ဖရက်ဒ်ရဲ့ သွင်းဂိုးက ယူနိုက်တက်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တော်တော်လေး ရေပန်းစားနေပါတယ်။ မာရှယ်လ်ရဲ့ ထိုးဖောက်မှုကို လီဗာပူးနောက်တန်းက ဟန့်တားရင်း ဘောလုံးက ဖရက်ဒ်ဆီ ရောက်သွားခဲ့ပါတယ်။

ဖရက်ဒ်က ဧရိယာထိပ်ကနေ ဒီဘောလုံးကို ရှေ့တက်နေတဲ့ ဂိုးသမားအယ်လစ်ဆန်ကိုကျော်ပြီး အသာအယာ ‘မ’ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖရက်ဒ်က သူ့ရဲ့အားသန် ဘယ်ခြေနဲ့ ဒီဂိုးကို သွင်းခဲ့တာမဟုတ်ဘဲ ညာခြေနဲ့ သွင်းယူခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဖရက်ဒ်ကို ချီးကျူးနေကြပြီး ဖရက်ဒ်ကြောင့်ပဲ တန်ဟက်ခ်က ဒုတိယဖာဂူဆန်ဖြစ်လာမယ်ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။



ပရိသတ်တွေက “ဖရက်ဒ်က ကန်တိုနာရဲ့အကောင်းဆုံးအချိန်တွေဆီကို ရောက်သွားသလိုပါပဲ။ ခင်ဗျားတို့ သတိမထားမိခင်မှာပဲ ယူနိုက်တက်က ပြန်လာခဲ့ပါပြီ” “တန်ဟက်ခ်က ဖရက်ဒ်ရဲ့ ဘရာဇီးပတ်စ်ပို့ကို ရှာတွေ့သွားပါပြီ” “ဖရက်ဒ်က ဂိုးတွေသွင်းနေပြီး တန်ဟက်ခ်ကလည်း နောက်ထပ်ဖာဂီတယောက်ဖြစ်လာတော့မှာပါ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီဂီယာကလွဲရင် ဖရက်ဒ်အပါအဝင် ကစားသမား (၁၀) ယောက်ကို ပထမပိုင်းအပြီးမှာ တန်ဟက်ခ်က လူစားလဲကစားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ အက်သလက်တီကို၊ ဗယ်လက်ကာနိုတို့နဲ့ ရာသီကြိုခြေစမ်းပွဲတွေ ဆက်လက်ကစားရဖို့ရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က