လက်ရှိမှာ လီဗာပူးက မန်စီးတီးကို ရမှတ် ၆မှတ်အထိဖြတ်ထားခဲ့တာပါ။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်-၁၂ အဖြစ် လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာသွားကစားရမှာပါ။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းအသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ထိပ်တို က်တွေ့ဆုံမှုတွင် နှစ်ဖက်ပရိသတ်တွေအကြား ပဋိပက္ခဖြစ်ပွားမှုလျော့ကျစေရေးအတွက် စီစဉ်မှုများရှိနေခဲ့သော် လည်း မန်စီးတီးအသင်းတာဝန်ရှိသူတွေကတော့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေမြင့်တက်နေဆဲဖြစ်တ ယ်လို့ dailymail က ဖော်ပြလာပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပြီးခဲဲ့့တဲ့နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းကို ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ ဆိုးသွမ်းပရိ သတ်အချို့ရဲ့ တိုက်ခိုက်မှုကြောင့် ပရိသတ်အချို့ ဒဏ်ရာရရှိခဲ့ခြင်းနဲ့အတူ မန်စီးတီးအသင်းဘတ်စ်ကားမှာလ ည်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။



မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ပွဲစဉ်အပြီး အသင်းဘတ်စ်ကာတိုက်ခိုက်ခံရခြင်းနဲ့အတူ လုံခြုံ ရေးစီမံမှုအလွဲအမှားတွေထပ်ဖြစ်လာနိုင်ခြင်းကို စိတ်ပူနေတာဖြစ်ပြီး ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်လာနိုင်တဲ့အ ခြေအနေနဲ့အတူ နှစ်ဖက်ပရိသတ်အကြားကိုလည်း ခက်ခက်ခဲခဲထိန်းသိမ်းရဖို့ရှိနေတာပါ။

သတင်းဖော်ပြချက်တွေအရ ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ ပွဲအတွက်လုံခြုံရေးအင်အားတိုးမြှင့်ချထားဖို့အတွက် စီစဉ်ေ နပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအချို့လည်း တာဝန်ထမ်းဆောင်ဖို့ရှိနေသလို နှစ်ဖက်ပရိသတ်တွေကိုလည်းတ င်းကြပ်တဲ့ စည်းကမ်းအချို့ချမှတ်ဖို့ရှိနေတယ်လို့ thesun က ဖော်ပြလာပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းတွေဖြစ်လို့ လီဗာပူးနဲ့မန်စီးတီးအသင်း အကြား အားပြိုင်မှုက မနှစ်ကထက်ပြိုင်ဆိုင်မှုပိုပြင်းထန်လာနိုင်ပြီး လီဗာပူးအသင်းအနိုင်ရရှိခဲ့ပါက ချန်ပီယံဆု ရရှိဖို့အတွက် အကောင်းဆုံးအခြေအနေတစ်ခုဖြစ်လာမှာပါ။

Share

က္က