လီဗာပူးတို့ အဝေးကွင်းမှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်းလည်းဖြစ်၊ လက်ရှိ ရုပ်သံဝေဖန်သူအဖြစ်လည်း ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး လီဗာပူးရဲ့ အလွန်အကျူးအောင်ပွဲခံမှုအပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ တမှတ်သာ ကွာဟတော့တာပါ။



အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ လီဗာပူးတို့ အောင်ပွဲခံခဲ့ပြီး ဒီအပေါ်မှာ ပေါလ်မာဆင်က ဝေဖန်ခဲ့ပါတယ်။ ပေါလ်မာဆင်က “မန်စီးတီးက သူတို့အတွက် အန္တရာယ်ရှိနေတုန်းပါ။ ဘာမှပြောင်းလဲသွားတာမျိုး မရှိပါဘူး။ လီဗာပူးက ပွဲတိုင်းအနိုင်ရဖို့ လိုအပ်နေပါသေးတယ်။ မန်စီးတီးက သူတို့ထက် တမှတ်အသာ၊ လီဗာပူးကိုလည်း အိမ်ကွင်းမှာ ကန်ရဦးမှာပါ”

“မန်စီးတီးကပွဲတိုင်းနိုင်ပြီး လီဗာပူးကို သရေကစားနိုင်ခဲ့ရင် မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာပါ။ ဒါက သူတို့လက်ထဲမှာမရှိပါဘူး။ နောက်ဆုံး သုံးလေးနှစ်အတွင်းမှာ မန်စီးတီးက (၁၄) ပွဲ (၁၅) ပွဲဆက်တိုက်လောက် မကြာခဏ နိုင်နေတဲ့အသင်းတသင်းပါ။ မနေ့ကတော့ လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားသလို အောင်ပွဲခံနေကြပါတယ်”

“မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ မန်စီးတီးက ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးရရှိခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ် ပွဲကျပ်ကာလမှာ မန်စီးတီးက နိုင်ပွဲဆက်ခဲ့ပြီး လီဗာပူး၊ ချဲလ်ဆီးတို့ ခြေချော်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပရီးမီးယားလိဂ်ချန်ပီယံလုပွဲက အဆုံးသတ်သွားပြီလို့ဆိုနေကြပေမယ့် နောက်ပိုင်းမှာ မန်စီးတီး ခြေချော်ခဲ့သလို လီဗာပူးကလည်း ဖြေးဖြေးမှန်မှန် ခရီးဆက်ခဲ့တာကြောင့် အခုလိုပဲ ပွဲစဥ် (၉) ပွဲသာ ကျန်ရှိချိန်မှာ ချန်ပီယံပြေးလမ်းကြောင်းက ပြန်လည် အသက်ဝင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က