အန်ဒိုက နော့ဂတ်ကို ကစားပုံကြမ်းတမ်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးအတွက် ဂိုးတွေကို ဆာလာက နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ဂျိုတာက ပွဲသိမ်းဂိုးသွင်းယူပေးခဲ့ပါတယ်။



ဒါပေမယ့် ဒီပွဲမှာ အငြင်းပွားစရာ တစ်ခုရှိခဲ့ပြီး ဒါကတော့ လီဗာပူးကွင်းလယ်လူ အန်ဒို အနီကတ် မထိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဂျပန်ကွင်းလယ်လူက ပြိုင်ဘက် ဘရန့်ဖို့ဒ် ကစားသမား နော့ဂတ်ကို အဝင်ကြမ်းခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ပဲ အနီကတ်ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပါတယ်။


အန်ဒိုရဲ့ အဖြစ်အပျက်ကို VAR က အချိန်အတော်ကြာ ပြန်လည်သုံးသပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပြင်းထန်တဲ့ ကျူးလွန်မှု မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်တွေ့မှာတော့ အန်ဒိုက နော့ဂတ်ရဲ့ ခြေကျင်းဝတ်ကို နင်းမိခဲ့ပြီး အခန့်မသင့်ရင် နော့ဂတ်တစ်ယောက် ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားပါ။

ပရိသတ်တွေကတော့ ဒါကို ရှင်းလင်းပြတ်သားတဲ့ အနီကတ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။ ပရိသတ်တွေက “ယူနိုက်တက်သာဆိုရင် ဒီနေရာမှာ သေချာပေါက် အနီကတ်ပြခံရမှာပါ။ အခု ဖြစ်ရပ်က ဘယ်လိုများ အနီကတ်မထိခဲ့ရတာလဲ”​ လို့ ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
အချို့သော လီဗာပူးပရိသတ်တွေကတော့ “ဒါက အနီကတ်မပြောနဲ့၊ အဝါကတ်တောင် ပြရမှာ မဟုတ်ဘူး” လို့ တုံ့ပြန်နေကြပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ လီဗာပူးက တစ်ဂိုးအသာနဲ့ ဦးဆောင်ထားပြီး အန်ဒိုသာ ထုတ်ပယ်ခံခဲ့ရင် လီဗာပူးတို့ ရုန်းကန်ရဖွယ်ရှိပါတယ်။

Share

Loading Next Article...
က္က