မန်စီးတီးနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

လီဗာပူး ညာနောက်ခံလူ အာနိုးလ်ဟာ အသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပြိုင်လုခဲ့ရဖူးတဲ့ အသင်းပါ။



ပြီးခဲ့တဲ့ရာသီမှာတော့ အခြေအနေဆိုးတွေကြောင့် ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုရာသီမှာတော့ အသင်းက တည်ငြိမ်တဲ့ ခြေစွမ်းတစ်ရပ်နဲ့အတူ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။

ဒီနေ့ညမှာတော့ လီဗာပူးတို့ မန်စီးတီးအိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲကျပ်တစ်ပွဲအဖြစ် သွားရောက် ရင်ဆိုင်ကစားရမှာပါ။ ဒီပွဲမတိုင်ခင် အာနိုးလ်က “ကျွန်တော်တို့ အသင်းရဲ့ ရည်ရွယ်ချက်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ပါ။ အခု ရာသီမှာလည်း ကျွန်တော်တို့ ဒါကို ပြန်ပြီး ပစ်မှတ်ထားနေပါတယ်”

“ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပြီး သူတို့က လျင်လျင်မြန်မြန်နဲ့ အထိုင်ကျခဲ့ပါတယ်။ ကျွန်တော်တို့က ရလဒ်ပိုင်းအရရော၊ အမှတ်ပေးဇယား ရပ်တည်မှုအရပါ တကယ်ကို ကောင်းမွန်တဲ့ အနေအထားကို ရောက်နေပါပြီ”
“လိဂ်ပြိုင်ပွဲက မပြီးသေးပါဘူး။ ပွဲတွေအများကြီး ကစားဖို့ ကျန်သေးပြီး ကျွန်တော်တို့ လက်ရှိ စွမ်းဆောင်ပြခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်းဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က