ကွင်းထဲက အင်တာဗျူးမှာ ကရူးစ်ဒေါသထွက်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ဟာ မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး မီဒီယာနဲ့တွေ့ဆုံတဲ့နေရာမှာ သူ့ကိုမေးမြန်းလာခဲ့တဲ့ မေးခွန်းတွေကြောင့် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုပါ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။



လီဗာပူးဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးတွေ အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသမား ကော်တွိုက်စ်ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ကံဆိုးခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကို ရှုံးကြွေးထပ်တင်ခဲ့ရပါတယ်။ ကော်တွိုက်စ်ဟာ ဒီပွဲမှာ လီဗာပူးဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေး အနည်းဆုံး (၅) ကြိမ်ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာပါ။

ဒီပွဲအပြီး ကွင်းအတွင်းမှာတင် သတင်းထောက်တယောက်က တိုနီကရူးစ်ကို လီဗာပူးက ပွဲကိုလွှမ်းမိုးနိုင်ခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းအပေါ်မှာ တိုနီကရူးစ်တယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး အင်တာဗျူးကို ပြီးဆုံးအောင်မဖြေဆိုဘဲ ထွက်သွားခဲ့ပါတယ်။



တိုနီကရူးစ်က “ခင်ဗျား မိနစ် (၉၀) ကြည့်ခဲ့ရတယ်၊ ဒါတောင်မှ အရေးမပါတဲ့ မေးခွန်းနှစ်ခုနဲ့ ရောက်လာတယ်။ အနှုတ်လက္ခဏာဆောင်တဲ့ မေးခွန်းနှစ်ခုပါ။ ခင်ဗျား ကျနော့်ကို ဒါမျိုးတည့်တည့်ပြောနိုင်တာကလည်း ခင်ဗျားက ဂျာမန်သားတယောက်ဖြစ်နေလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုနီကရူးစ်က သတင်းထောက်ရဲ့ မေးခွန်းမဆုံးခင်မှာပဲ အင်တာဗျူးဖြေဆိုရာနေရာကနေ ထွက်သွားခဲ့ပါတယ်။

ပရိသတ်တွေက “ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးတပွဲလုံး ကစားခဲ့ရပြီးတာတောင်မှ ဂျာနယ်လစ်ကိုဖဲ့ဖို့ တိုနီကရူးစ်ဆီမှာ အားရှိပါသေးတယ်” “ဒါက တိုနီကရူးစ်ရဲ့ မာနကြီးတဲ့လုပ်ရပ်ပါ။ သတင်းထောက်က ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ အစတည်းက အင်တာဗျူးဖြေဖို့ သူစိတ်မဝင်စားခဲ့ဘဲ ကလန်ကန်ဆန် လုပ်သွားတာပါ။ ဒါက လုံးဝကို ရိုင်းစိုင်းပါတယ်” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က