အဲ့ဒီနောက်ပိုင်းကတည်းက နိုင်ပွဲမရတော့တာပါ။

မနေ့ညက ဘုန်းမောက်ကွင်းမှာ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် နောက်ဆုံး​(၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အနိုင်မရရှိသေးတာပါ။



ဘရန့်ဖို့ဒ်နဲ့ တစ်ဂိုးစီသရေကျခဲ့သလို ချဲလ်ဆီးကိုလည်း အဝေးကွင်းမှာ နောက်ကျဂိုးတွေကြောင့် ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက် လီဗာပူးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာလည်း နှစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး အခု နောက်ဆုံး ဘုန်းမောက်ကွင်းမှာ စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာက ပိုမိုဝေးကွာလာခဲ့ပြီဖြစ်ပြီး တန်ဟက်ခ်ရဲ့ အနာဂတ်ကလည်း တော်တော်လေးကို လှုပ်ခတ်လာခဲ့ပါပြီ။ တန်ဟက်ခ်နဲ့ ကစားသမားတွေအကြား ဘုန်းမောက်နဲ့ပွဲအပြီးမှာ ပြဿနာဖြစ်ပွားခဲ့တယ်လို့လည်း သတင်းတွေက ဆက်တိုက် ဖော်ပြနေပြီး တန်ဟက်ခ်အနေနဲ့ အဝတ်လဲခန်းအတွင်း ယုံကြည်မှုကို ဆုံးရှုံးလိုက်ရပါပြီ။

တိုက်ဆိုင်တာတစ်ခုက ယူနိုက်တက်တို့ လီဗာပူးကို အက်ဖ်အေဖလားမှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ် တက်ရောက်သွားကတည်းက ဆက်တိုက် ရလဒ်တွေ ဆိုးရွားနေခဲ့တာပါ။ အဆိုပါပွဲအပြီးမှာ နိုင်ငံတကာပွဲစဉ်တွေ ဝင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ (၄) ပွဲစလုံးမှာ နိုင်ပွဲ လုံးဝပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်အပတ်မှာတော့ ကိုဗင်ထရီနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ အမှားအယွင်းထပ်ဖြစ်ခဲ့ရင် တန်ဟက်ခ်တစ်ယောက် ရာထူးကနေ စောစောစီးစီး အထုတ်ခံရပါလိမ့်မယ်။ လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုမှာလည်း ယူနိုက်တက်က အဆင့် (၇) နေရာကို ရောက်ရှိနေပြီး ဖာဂူဆန်ခေတ်လွန်မှာ ဒုတိယမြောက် အဆိုးရွားဆုံး​ရပ်တည်မှု ဖြစ်လာနိုင်ပါတယ်။

Share

Loading Next Article...
က္က