ပွဲထွက်ဖို့ အသင့်မဖြစ်သေးတဲ့ ကစားသမားကို ခေါ်ယူလိုက်တာပါ။

ချဲလ်ဆီးဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာကို ပြောင်းရွှေ့ကြေး ပေါင် (၅၃) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားအတွက် လီဗာပူးကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။



ဒါပေမယ့်လည်း ကစားသမးကိုယ်တိုင်က လီဗာပူးကို ငြင်းဆန်ပြီး ချဲလ်ဆီးမှာသာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဗာပူးဟာ ဒီနှစ်နွေရာသီမှာ လာဗီယာအပြင် ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို အပြိုင်လိုက်ရင်း အရေးနိမ့်ခဲ့ပါသေးတယ်။

အခုချိန်မှာတော့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက လာဗီယာအနေနဲ့ အသင်းအတွက် ကစားပေးဖို့ အဆင်သင့်မဖြစ်သေးကြောင်း ဖွင့်ဟလာပါတယ်။ ပိုချက်တီနိုက “လာဗီယာက ပွဲထွက်ခွင့်ရဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့အနေနဲ့ အသင်းမှာ ပါဝင်ဖို့ အချိန်အနည်းငယ်ယူရပါမယ်”

“သူကလည်း အသင်းဖော်တွေနဲ့ အတွဲမိဖို့အတွက် တော်တော်လေး ကြိုးစားအားထုတ်နေပါတယ်။ သူ့အတွက် နောက်ထပ် ရက်သတ္တပတ်အနည်းငယ် စောင့်ရဖို့ရှိပေမယ့် ကိုင်စီဒိုကတော့ ပွဲကစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ်နေရာအတွက် ကစားသမားသစ် အသည်းအသန်ရှာဖွေနေရပြီး လာဗီယာ၊ ကိုင်စီဒိုတို့ကို ပစ်မှတ်ထား ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားနှစ်ယောက်လုံးက ချဲလ်ဆီးကိုသာ ရွေးချယ်သွားခဲ့တာကြောင့် လီဗာပူးတို့ ဘွန်ဒက်စ်လီဂါက ဂျပန်ကွင်းလယ်လူ အန်ဒိုကိုသာ ခေါ်ယူခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က