အားရပါးရအောင်ပွဲခံခဲ့တာပါ။

ယူနိုက်တက်တို့ လီဗာပူးကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ ဒီယာလိုရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးအတွက် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အောင်ပွဲခံဟန်က အခုချိန်မှာ ပြန်လည်ရေပန်းစားနေခဲ့ပါတယ်။ ဒီပွဲက တော်တော်လေး အကြိတ်အနယ်ရှိခဲ့ပြီး အချိန်ပိုမိနစ် (၁၂၀) အထိ ကစားခဲ့ရတာပါ။



ယူနိုက်တက်အနေနဲ့ အချိန်ပိုနာရီဝက်မှာလည်း လီဗာပူးရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ နောက်ဆုံးမိနစ် (၁၂၀) မှာ ဒီယာလိုက ဂါနာချိုရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ယူနိုက်တက်အတွက် ၄-၃ ဂိုးဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူခဲ့တာပါ။


ဒီဂိုး သွင်းယူပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းအတွင်း ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် အောင်ပွဲခံခဲ့သလို VIP Box ထဲမှာ ရှိနေတဲ့ နောက်ခံလူ မာတီနက်ဇ်ကလည်း လက်သီးလက်မောင်းတန်းပြီး အားရပါးရ အောင်ပွဲခံခဲ့တာပါ။ အဆိုပါ အာဂျင်တီးနား နောက်ခံလူဟာ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လွဲချော်နေရဆဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ အသင်းအပေါ် စိတ်အားထက်သန်မှုက တော်တော်လေးကို ပြင်းထန်နေပြီး မာတီနက်ဇ်ရဲ့ အောင်ပွဲခံဟန်အပေါ်မှာလည်း ပရိသတ်တွေက တော်တော်လေးကို သဘောကျနေပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “ဒီကစားသမား ငါ့အသင်းအတွက် ကစားပေးနေတာကို အမြဲတမ်း ကျေးဇူးတင်နေရမှာပဲ”

“မာတီနက်ဇ် ဒီအသင်းမှာ တစ်ရာသီတည်းရှိနေတယ်လို့ စဉ်းစားရမှာတောင် ခက်ပါတယ်။ ဒီစိတ်အားထက်သန်မှုမျိုးနဲ့ပေါ့” “သူ အဲ့ဒီနေ့ လီဗာပူးနဲ့ပွဲမှာ ကွင်းထဲရှိနေမယ်လို့ စိတ်ကူးယဉ်မိလိုက်ရင် သူက သေချာပေါက် နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ပေးမှာပါ” လို့ အသီးသီး ချီးကျူးပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က