ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အက်ရှ်လေယန်းဟာ စနေနေ့ညက လီဗာပူးနဲ့ပွဲမှာ အက်စတွန်ဗီလာအတွက် လူစားဝင်ကစားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာလည်း တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လီဗာပူးတို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေး မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးဟာ လက်ရှိအချိန်မှာ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး စတုတ္ထနေရာက ယူနိုက်တက်နဲ့ တစ်မှတ်သာ ကွာဟတာပါ။ ဒါပေမယ့်လည်း သူတို့က ယူနိုက်တက်ထက် တစ်ပွဲပိုကစားထားတာဖြစ်ပါတယ်။ ယူနိုက်တက်သာ ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နဲ့ လက်ကျန် (၂) ပွဲမှာ တစ်မှတ်ရရှိတာနဲ့ လီဗာပူးတို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်တော့မှာဖြစ်ပါတယ်။
အထူးသဖြင့် အက်စတွန်ဗီလာနဲ့ အန်ဖီးလ်မှာ သရေကျခဲ့တဲ့ပွဲက လီဗာပူးအတွက် တော်တော်လေး နစ်နာခဲ့ပြီး ဒီပွဲရလဒ်က ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကို အဆုံးအဖြတ်ပေးသွားတယ်လို့ ပြောရမှာပါ။ အဆိုပါပွဲအပြီးမှာတော့ အက်ရှ်လေယန်းက စကိုင်းစပေါ့ရဲ့တွစ်တာပေါ်က ပို့စ်ကို ပြန်ရှဲခဲ့ပြီး “Nothing like a plan coming together, OOPS” လို့ ရေးသားကာ ဂယ်ရီနဗီးလ်ကို Tag တွဲခဲ့ပါတယ်။
အက်ရှ်လေယန်းရဲ့ ဆိုလိုရင်းရဲ့ အဓိပ္ပာယ်ကတော့ ကိစ္စတစ်ခုခုကို အစီအစဥ်တကျ၊ ဗျူဟာတကျ အကောင်အထည်ဖော်ပြီး အောင်မြင်သွားတာပဲဖြစ်ပါတယ်။ အက်ရှ်လေယန်းရဲ့ ယူနိုက်တက် ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အသင်းနဲ့အတူ ဖာဂူဆန်ခေတ်အဆုံးမသတ်ခင် ကာလအပိုင်းအခြားတွေမှာ အောင်မြင်တွေရရှိခဲ့သူပါ။
အခုချိန်မှာတော့ သူက အက်စတွန်ဗီလာမှာ ကစားနေပေမယ့် ယူနိုက်တက်ကို သံယောစဥ်ရှိနေဆဲဖြစ်ကြောင်း ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အက်ရှ်လေယန်းရဲ့ ပို့စ်ကို သဘောကျနှစ်သက်နေပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း၊ ဂန္တဝင်ဟောင်းတစ်ယောက်အဖြစ် အမှတ်ရနေကြောင်း ကိုယ်စီမှတ်ချက်ပြုခဲ့ကြပါတယ်။