အေဂျက်စ်တို့ လီဗာပူးကွင်းမှာ သွားကစားရမှာပါ။

ဒီကနေ့ညမှာ ကစားမယ့် လီဗာပူးနဲ့ အေဂျက်စ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အေဂျက်စ်နည်းပြ ရှရူဒါက ယူနိုက်တက်နည်းပြ တန်ဟက်ခ် လီဗာပူးကို အနိုင်ယူခဲ့တဲ့ပုံစံအတိုင်း လိုက်လံအတုယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။



အေဂျက်စ်ကတော့ အိမ်ကွင်းမှာ ရိန်းဂျားစ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လတ်တလော လီဗာပူးရဲ့ ခြေစွမ်းပိုင်းဆိုးရွားမှုတွေကြောင့် ရှရက်ဒါက အခုလိုမျိုး ပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။ တန်ဟက်ခ်ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့အတူ လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးက လက်ရှိရာသီမှာ နိုင်ပွဲနှစ်ပွဲသာရှိပါသေးတယ်။

အေဂျက်စ်နည်းပြ ရှရူဒါက “ယူနိုက်တက်နဲ့လီဗာပူးပွဲမှာ ယူနိုက်တက် ဘာတွေလုပ်ခဲ့လဲ ကျနော် ကြည့်ပြီးပါပြီ။ အချို့အရာတွေက ကျနော်တို့အတွက် လိုက်လံအသုံးချလို့ရမယ့်အရာတွေပါ။ လီဗာပူးလို အသင်းမျိုးနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘောလုံးရတဲ့အချိန် အကောင်းဆုံး ကစားနိုင်ဖို့ လိုအပ်ပါတယ်။ သတ္တိရှိဖို့ လိုအပ်ပြီး ဒါက အဓိကအရာပါ”

“ခင်ဗျားသာ သတ္တိရှိမယ်ဆိုရင် ခင်ဗျားအတွက် အခွင့်အရေးရှိပါပြီ။ ကလော့ပ်ကတော့ သူ့အသင်းသားတွေကို နောက်ဆုံးပွဲကထက် ခံစစ်ကို ပိုမိုကောင်းမွန်အောင် ကစားဖို့ မှာထားမှာပါ။ ကစားပုံမကောင်းရင် မန်နေဂျာတွေက တာဝန်ခံရပါတယ်။ ကျနော်တို့က မုန်တိုင်းတလုံးလို ပြင်းထန် ကောင်းမွန်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ ပုံစံအတိုင်း ကစားပုံကောင်းဖို့ လိုအပ်ပါတယ်”

“ဒီအတွက် သတ္တိမရှိဘူးဆိုရင်တော့ လီဗာပူးနဲ့ပွဲက ခက်ခဲပါလိမ့်မယ်။ အထူးသဖြင့် တယောက်ချင်း ရင်ဆိုင်ရတဲ့အခါမျိုးတွေမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ရှရူဒါဟာ ပြီးခဲ့တဲ့နွေမှာ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့ တန်ဟက်ခ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာသူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၁၉) မတိုင်ခင်မှာ တန်ဟက်ခ်ရဲ့ လက်ထောက်အဖြစ် တနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က