ဆာလာက လီဗာပူးကထွက်ပြီး အခြား ပရီးမီးယားလိဂ်အသင်းမှာ ကစားဖို့ ဆန္ဒရှိနေတာပါ။

လီဗာပူးပရိသတ်တွေဟာ ဒီကနေ့မှာ ထွက်ပေါ်လာတဲ့ ဆာလာရဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် ဒီကစားသမားကို အခုချက်ချင်းအသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ဖို့ တောင်းဆိုနေကြပါတယ်။ ဆာလာနဲ့လီဗာပူးအကြား စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ပါပြီ။



ဒီကစားသမားဟာ လီဗာပူးနဲ့ နောက်ထပ်တနှစ်သာ စာချုပ်ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်လုပ်ခ တပတ် ပေါင် (၅) သိန်းတောင်းနေပါတယ်။ အဲ့ဒါကြောင့်လည်း စာချုပ်သစ်ကိစ္စက အခုချိန်ထိ အဆင်မပြေခဲ့ဘဲ ဒီကနေ့မှာတော့ ဆွေးနွေးမှုတွေက အဆင်မပြေတော့လို့ ရပ်တန့်လိုက်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲသတင်းအနေနဲ့ ဆာလာဟာ လီဗာပူးက ထွက်ခွာဖြစ်ခဲ့ရင်တောင် အင်္ဂလန်မှာပဲ ဆက်နေဖို့ ဆန္ဒရှိပြီး အခြားပရီးမီးယားလိဂ်အသင်းတသင်းကို ပြောင်းရွှေ့ကစားဖို့ စဥ်းစားနေတယ်လို့ သိရှိရပါတယ်။ ဒီသတင်းကိုကြားချိန်မှာတော့ လီဗာပူးပရိသတ်တွေက အကြီးအကျယ် ဒေါသပေါက်ကွဲနေကြပါတယ်။

လီဗာပူးပရိသတ်တွေက “ဆာလာကို အခုချက်ချင်း အသင်းကနေ ပေးထွက်လိုက်ပါ။ နောက်ဆုံး (၆) လအတွင်း သု့ရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာပါ။ သူက ဆိုးရွားတဲ့ ခံစားချက်တွေကို ပေးစွမ်းနေပါတယ်” “ဆာလာကို အခု နွေရာသီမှာတင် ရောင်းထုတ်လိုက်ပါ” “ဆာလာကို သွားခွင့်ပေးလိုက်ပါတော့၊ မာနေးကို ဆက်ထိန်းထားပါ” ဆိုပြီး ဝေဖန်နေကြပါတယ်။

မာနေးကလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။ မာနေးနဲ့ ဆာလာတို့ စာချုပ်သက်တမ်းက နောက်တနှစ်မှာ ကုန်မှာချင်းအတူတူပါပဲ။ ဒါပေမယ့် အသင်းက ဆာလာကိုပဲ စာချုပ်သစ်ချုပ်ဖို့ စိုင်းပြင်းနေတာက မာနေးကိုပါ ဒီလိုအခြေအနေမျိုး ရောက်စေတယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က