ကွန်ချက်စကီးအတွက် လူမှားရောင်းခဲ့တာပါ။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဒ်ဆန်ဟာ လီဗာပူးကို ကိုင်တွယ်ခဲ့တုန်းက ကစားသမားတစ်ယောက်ကို မှားယွင်းရောင်းချခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ အဆိုပါ အင်္ဂလိပ်လူမျိုးနည်းပြကြီးဟာ (၂၀၁၀) ခုနှစ်မှာ ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းရွှေ့ကိုင်တွယ်ခဲ့တာပါ။



ဒီလိုမျိုး အသင်းပြောင်းရွှေ့လာခဲ့ပြီးနောက် ဟော့ဒ်ဆန်က အသင်းဟောင်းက ဘယ်နောက်ခံလူ ကွန်ချက်စကီးကို လီဗာပူးထံ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းမှာရှိပြီးသား လူငယ် ကစားသမားတစ်ယောက်ကို ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒီလိုမျိုး ပြင်ဆင်တဲ့နေရာမှာ ရွိုင်းဟော့ဒ်ဆန်က လော်ရီဒါလာဗေလီနဲ့ အလက်ဇန်းဒါး ကာကာနီကလစ်တို့နှစ်ယောက်အနက် အလက်ဇန်းဒါးကို မှားယွင်းရောင်းချမိခဲ့ပါတယ်။ အကြောင်းစုံကို သိသွားတဲ့အချိန်မှာ ဟော့ဒ်ဆန်တစ်ယောက် ဘယ်လိုမှ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိဘဲ အလက်ဇန်းဒါးက ဖူလ်ဟမ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ဒီကစားသမားက အခြားအသင်းတစ်သင်းမှာ နာမည်ကျော် ကစားသမားဖြစ်လာခဲ့ခြင်းမရှိပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်လို့လည်း ကာယကံရှင်ဖြစ်တဲ့ ကစားသမားက “လီဗာပူးက ကျွန်တော့်နေရာကို ပြန်အစားထိုးဖို့ ခက်ခဲခဲ့ပါတယ်။ ဟော့ဒ်ဆန်ရဲ့ ခေါင်းထဲမှာ သူက ကွန်ချက်စကီးအတွက် အခြားအဲလက်စ်တစ်ယောက်ယောက်ကို အလိုက်ပေးလိုက်တယ် ထင်နေတာပါ”
“ဒါပေမယ့် သူကိစ္စအစုံအလင်ကို သိသွားချိန်မှာ အရာအားလုံးက နောက်ကျသွားခဲ့ပါပြီ။ ဒီကိစ္စက နည်းနည်းလေးတော့ ရယ်စရာကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟော့ဒ်ဆန်ဟာ လီဗာပူးမှာ အောင်မြင်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ လီဗာပူးနည်းပြဘဝက ကျရှုံးခဲ့တယ်လို့ ဆိုရမှာပါ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က