စပါးနောက်တန်းအမှားကနေ ဂိုးတွေပေးခဲ့ရတာပါ။

မနေ့ညက လီဗာပူးနဲ့ စပါးတို့ရဲ့ ပထမပိုင်းပွဲပြီးဆုံးချိန်မှာ စပါးနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ အီမာဆင်ရွိုင်ရယ်နဲ့ ရိုမဲရိုးတို့ အချင်းများခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာတင် စပါးတို့ နှစ်ဂိုးပြတ်အရေးနိမ့်နေခဲ့တာပါ။



လီဗာပူးအတွက် ဂိုးတွေကို ဆာလာ၊ ရော်ဘတ်ဆန်တို့က သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲ သွားရောက်ရာ လမ်းမှာတော့ အီမာဆင်နဲ့ ရိုမဲရိုးတို့ အချင်းများခဲ့တာဖြစ်ပြီး စပါးဂိုးသမား ဗီကာရီယိုက ကြားဝင် ဖျန်ဖြေခဲ့ရပါတယ်။

နှစ်ယောက်က သူတို့ရဲ့ ကစားပုံတွေကို အချင်းချင်းဝေဖန်ရင်း ပြဿနာတက်ခဲ့ဟန်ရှိပါတယ်။ စပါးတို့ ပေးလိုက်ရတဲ့ ဆာလာရဲ့ ခေါင်းတိုက်ဂိုးမှာ အီမာဆင်ရဲ့ အားနည်းချက်မကင်းသလို ရော်ဘတ်ဆန်ရဲ့ဂိုးမှာလည်း ပင်နယ်တီဧရိယာထဲမှာ လီဗာပူးကစားသမားတွေကို စိတ်ကြိုက်နေရာယူခွင့်ပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အီမာဆင်ရဲ့ အမှားကတစ်ဆင့် အီလီယော့ ဘောလုံးရသွားပြီး ဂတ်ပိုရဲ့ ခေါင်းတိုက်ဂိုးအတွက် ဖန်တီးပေးခဲ့ပါသေးတယ်။ ဒီကစားသမားနှစ်ယောက်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ စပါးနည်းပြ ပိုစတီဂလူးက ကာကွယ်ပြောကြားခဲ့ပေမယ့် ရွိုင်ကိန်းကတော့ နှစ်ယောက်စလုံးကို ဝေဖန်ခဲ့ပါတယ်။

စပါးဟာ ဒီပွဲရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးတော့မှာဖြစ်ပြီး ရာသီအစမှာ ချန်ပီယံခြေစွမ်းပြခဲ့တဲ့ စပါးအတွက်လည်း ရာသီသိမ်းချိန်မှာ အခုလိုမျိုး ထိပ်သီး (၄) သင်းစာရင်းတောင် မဝင်ခဲ့တာက တော်တော်လေး နစ်နာဖို့ ကောင်းတယ်လို့ ပြောရမှာပါ။

Share

Loading Next Article...
က္က