လီဗာပူးလ်နဲ့ပွဲအတွက် ဒေးဗစ်ဆေးလ်ဗား ပါဝင်ဖို့ မသေမချာဖြစ်နေတာပါ။

ဆောက်သမ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆေးလ်ဗားက ပထမပိုင်းမှာပဲ ဒဏ်ရာရရှိခဲ့လို့ တိုက်စစ်မှူးဂျီးဆပ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။


မန်စီးတီးနည်းပြဂွာဒီယိုလာက လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲကို အသင်းခေါင်းဆောင်ဒေးဗစ်ဆေးလ်ဗား ပါဝင်ဖို့ မသေမချာဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆောက်သမ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆေးလ်ဗားက ပထမပိုင်းမှာပဲ ဒဏ်ရာရရှိခဲ့လို့ တိုက်စစ်မှူးဂျီးဆပ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ဆေးလ်ဗားအနေနဲ့ ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး Sportskeeda ရဲ့ ဖော်ပြချက်အရ ဂွာဒီယိုလာက သူ့ကစားသမားအနေနဲ့ ၁၀ ရက်ကနေ ၁၂ရက်နေ့အထိ အနားယူရမယ့်ဒဏ်ရာမျိုးဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါဟာ အရေးကြီးပွဲစဉ်တစ်ခုမှာ အားထားရတဲ့ ကစားသမားကို ဂွာဒီယိုလာက လက်လွှတ်ရဖို့ဖြစ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးက လီဗာပူးလ်ထက် ခြောက်မှတ်လျော့နည်းနေပြီး အမီလိုက်နိုင်ဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ မန်စီးတီးက သွားရောက်ကစားရမှာဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

"ဆရာဝန်တွေနဲ့ ကျွန်တော်စကားမပြောရသေးပါဘူး၊ ဒါပေမယ့်လည်း သူ့မှာ ကြွက်သားပြသနာရှိနေပြီး မိနစ်အများကြီးမကစားနိုင်ခဲ့ပါဘူး၊ သူ တစ်ခုခုဖြစ်ခဲ့ပုံပါပဲ၊ ကြွက်သားပြသနာက ပုံမှန်ဆိုရင် ၁၀ ရက်ကနေ ၁၂ရက်အထိ အနားယူရမယ့် ဒဏ်ရာမျိုးဖြစ်ပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ ဆေးလ်ဗားမပါဝင်နိုင်မယ့်သတင်းကတော့ လီဗာပူးလ်အတွက် သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

Share

က္က