ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူအမ်မရီချန်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် အခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဇန်နဝါရီကာလမှာ အသင်းကနေ ပြောင်းရွှေ့ဖွယ်ပြင်ဆင်နေပြီလို့ သိရပြီး ယူနိုက်တက်က မာတစ်နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Tuttosport ရဲ့ ဖော်ပြချက်အရ ဂျူဗီကလည်း အမ်မရီချန်ကို ရောင်းချဖို့အတွက် ခွင့်ပြုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက်မှာ အမ်မရီချန်က အသင်းမှာမပျော်ရွှင်တော့ဘူးလို့ ဝန်ခံပြောကြားခဲ့သူဖြစ်ပြီး သူ့အနာဂတ်ကို အသင်းနဲ့ ဆွေးနွေးသွားမယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ဖူးပါတယ်။



အသက် ၂၅ နှစ်အရွယ်ကွင်းလယ်လူကို ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေပြီး ကွင်းလယ်ပိုင်းနေရာစုံမှာကစားနိုင်တဲ့ အရည်အသွေးကို အထင်ကြီးနေတယ်လို့ သိရပါတယ်။ အမ်မရီချန်ကတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး လီဗာပူးလ်အတွက် လေးနှစ်ကြာကစားပေးခဲ့သူဖြစ်ပါတယ်။

၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ စုစုပေါင်း ၁၆၇ ပွဲအထိ ချန်က ကစားပေးခဲ့တာဖြစ်ပါတယ်။ နီမာဂျန်မာတစ်ရဲ့ ခြေစွမ်းကျဆင်းလာခဲ့လို့ ကွင်းလယ်ခံစစ်ပိုင်းမှာ ကစားသမားသစ်တစ်ဦးကို ဆိုးလ်ရှားက အလိုရှိနေခဲ့ပြီး ဂျူဗီနဲ့ အနာဂတ်မသေမချာဖြစ်နေတဲ့ အမ်မရီချန်ကို ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

Share

က္က