ဘာစီလိုနာဘက်က ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။

ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူဂျော်ရတ်ချီယန်နဲ့ အဲဗာတန်အသင်းပိုင်ရှင်ဖာဟတ်ဒ်မိုရှီရီတို့ကလည်း ရင်းနှီးသူတွေဖြစ်လို့ ပိုမိုအဆင်ပြေဖွယ်ရှိနေကြောင်း ဆိုပါတယ်။ 


စပိန်ကလပ်ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ကစားသမားကော်တင်ဟိုကို တစ်နှစ်အငှားချဖို့အတွက် အဲဗာတန်အသင်းဆီကို ကမ်းလှမ်းမှုပြုလုပ်လိမ့်မယ်လို့ နာမည်ကြီးသတင်းထောက်တစ်ဦးဖြစ်တဲ့ ဒန်ကန်ကက်စတဲလ်က ပြောဆိုသွားခဲ့ပါတယ်။ ကော်တင်ဟိုကို အပြီးသတ်ရောင်းချဖို့ မလွယ်ကူချိန်မှာ အငှားချဖို့အသင်းရွေးချယ်ခဲ့ပြီး အဲဗာတန်က ဖြစ်နိုင်ချေအရှိဆုံးလို့ သိရပါတယ်။ 

အဲဗာတန်အနေနဲ့ အငှားခေါ်ယူမယ်ဆိုပါက ကစားသမားရဲ့ လုပ်အားခ သုံးပုံတစ်ပုံကို ဘာစီလိုနာကဘက်က စိုက်ထုတ်ပေးသွားမယ်လို့လည်း သိရပြီး ဒီအချက်က အင်္ဂလန်ကလပ်အတွက် စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူဂျော်ရတ်ချီယန်နဲ့ အဲဗာတန်အသင်းပိုင်ရှင်ဖာဟတ်ဒ်မိုရှီရီတို့ကလည်း ရင်းနှီးသူတွေဖြစ်လို့ ပိုမိုအဆင်ပြေဖွယ်ရှိနေကြောင်း ဆိုပါတယ်။ 

ကော်တင်ဟိုဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ကစားနေတာဖြစ်ပြီး ရာသီကုန်ရင် အငှားစာချုပ်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်က အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့ အတည်ပြုထားပြီး ဘာစီလိုနာကလည်း ကော်တင်ဟိုကို ရောင်းချဖို့ ကြိုးစားနေကာ ချယ်လ်ဆီး၊ အာဆင်နယ်တို့လို အသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်လည်း ကစားသမားရဲ့လုပ်အားခမြင့်မားမှုနဲ့ ဘာစီလိုနာအသင်းတောင်းဆိုထားတဲ့ ပမာဏကများပြားနေလို့ အခက်တွေ့နေချိန်မှာ အဲဗာတန်အတွက် အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ဟာ အန်ဒရီဂိုမက်စ်၊ လူးကပ်စ်ဒစ်ဂ်နီ၊ ယယ်ရီမီနာတို့လို ဘာစီလိုနာကစားသမားတွေကို ဆက်တိုက်ခေါ်ယူထားတဲ့အသင်းဖြစ်ပြီး ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ 

ကော်တင်ဟိုအနေနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ အသင်းဟောင်းလီဗာပူးလ်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်လို့ အသင်းပရိသတ်ဟောင်းတွေရဲ့ မုန်းတီးမှုကိုခံရဖွယ်ရှိပါတယ်။ အဲဗာတန်နည်းပြအန်ဆယ်လော့တီကလည်း ကော်တင်ဟိုကို ခေါ်ယူဖို့စိတ်ဝင်စားနေကာ အသင်းတိုက်စစ်ပိုင်းကို မြှင့်တင်ချင်နေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က