လက်ကျန်ရာသီကို ကစားတာဖြစ်ဖြစ်၊ မကစားတာဖြစ်ဖြစ် ရရှိမယ်လို့ ပြောဆိုခဲ့တာပါ။

လက်ကျန်ပွဲတွေထဲက နှစ်ပွဲအနိုင်ရရုံနဲ့ နှစ် ၃ဝအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နှောင့်နှေးနေခဲ့ရပါတယ်။ 


ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ အလက်ဆန်ဒါဆီဖာရင်က သူ့အနေနဲ့ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားကို မရနိုင်စရာအကြောင်းရင်းမမြင်မိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ကျန်ဘောလုံးရာသီဆက်ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ လီဗာပူးလ်က ချန်ပီယံဖြစ်လိမ့်မယ်လို့ ဆီဖာရင်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်ပွဲ လက်ကျန် ၉ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်အထိ ဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေထဲက နှစ်ပွဲအနိုင်ရရုံနဲ့ နှစ် ၃ဝအတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် နှောင့်နှေးနေခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်ကတော့ လက်ကျန်ဘောလုံးရာသီကို ဆက်လက်ကစားဖို့ကိုသာ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအပေါ်မူတည်ပြီး ဘောလုံးရာသီကို ဖျက်သိမ်းဖို့အတွက် တောင်းဆိုမှုတချို့ရှိနေပြီး လီဗာပူးလ်အနေနဲ့ ချန်ပီယံမဖြစ်နို်င်ဘူးလို့ ပြောဆိုမှုတွေရှီနေပေမယ့် ဆီဖာရင်ကတော့ သူ့အမြင်ကို အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ 

"လီဗာပူးလ် ဆုဖလားမရနိုင်စရာမရှိဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်၊ တကယ်လို့ ဘောလုံးရာသီပြန်စခဲ့ရင်လည်း သူတို့က ဆုဖလားဆွတ်ခူးဖို့ သေချာသလောက်ရှိနေပြီးသားပါ၊ သီအိုရီအရတော့ သူတို့ဖလားရမယ်လို့ အာမမခံနိုင်သေးပေမယ့် လက်တွေ့အရတော့ နီးစပ်နေပါပြီ၊ ဒါပေမယ့်လည်း မကစားခဲ့ဘူးဆိုရင်လည်း ရလဒ်တွေကို ကြေညာဖို့နဲ့ ချန်ပီယံဘာလို့ဖြစ်သလဲဆိုတဲ့ အဓိကအချက်တွေကို ရှာဖွေဖို့တော့ လိုအပ်မှာပါ"

"ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော်နားလည်ပါတယ်၊ တကယ်လို့ ပရိသတ်မရှိပဲ ကစားတာမျိုးဖြစ်လာမယ်၊ ဒါမှဟုတ် ရာသီဆက်မကစားတော့ဘူးလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူတို့စိတ်ပျက်မှာပါ၊ ဒါပေမယ့် သူတို့တွေ ဆုဖလားကို သေချာပေါက်ဆွတ်ခူးမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်" လို့ ဆီဖာရင်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က