လက်ရှိမှာ လီဗာပူးလ်နဲ့ မန်စီးတီးက ငါးမှတ်ကွာဟနေပါတယ်။

အမှတ်ပေးဖလားကို ၃ကြိမ်ဆက်တိုက်ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ မန်စီးတီးအသင်းဟာ လီဗာပူးလ်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာဖြစ်ပြီး ဒီရာသီမှာ စိန်ခေါ်မှုအပြည့်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။


မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားဒီဘရိုင်းက ရာသီအစပိုင်းမှာ အမှတ်ပေးဇယားကို လီဗာပူးလ်အသင်းဦးဆောင်နေတဲ့အပေါ် စိုးရိမ်မှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ နော်ဝှစ်ချ်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ပွဲစဉ် (၅)အပြီးမှာပဲ လီဗာပူးလ်နဲ့ ငါးမှတ်အထိ ကွာဟနေခဲ့တာလည်းဖြစ်ပါတယ်။

အမှတ်ပေးဖလားကို ၃ကြိမ်ဆက်တိုက်ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ မန်စီးတီးအသင်းဟာ လီဗာပူးလ်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာဖြစ်ပြီး ဒီရာသီမှာ စိန်ခေါ်မှုအပြည့်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ရာသီအစငါးပွဲစလုံးကို ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ခဲ့ပြီး ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ သူတို့နဲ့ ၇ မှတ်အထိ ပြတ်တောက်နေခဲ့တာပါ၊ ဒါပေမယ့် ဘာတွေဖြစ်ခဲ့လဲ၊ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ်၊ ဒါပေမယ့် ဒီလိုစွမ်းဆောင်နိုင်ဖို့ကတော့ ခက်ခဲပါတယ်၊ တခြားအသင်းတွေကို ကျွန်တော်တို့ လေးစားမှုရှိပါတယ်၊ သူတို့က ကောင်းမွန်စွာနဲ့ ကစားနိုင်နေပါတယ်"

"ဒါက ခက်ခဲကြမ်းတမ်းပါတယ်၊ နောက် ၇ လအတွင်းမှာ ပြီးခဲ့တဲ့နှစ်ကလိုလည်း ဖြစ်လာနိုင်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ တစ်ခါတစ်လေမှာ အခက်အခဲတွေရှိနေတတ်ပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ လေးပွဲအရေးနိမ့်ခဲ့ပါတယ်၊ ဒါက မှတ်တမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်၊ ဒီရာသီမှာလည်း ကျွန်တော်တို့ တူညီတဲ့ရမှတ်အနေအထားနဲ့ အောင်မြင်နိုင်ပါသေးတယ်" လို့ ဒီဘရိုင်းက ပြောခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။


Share

Loading Next Article...
က္က