ချယ်လ်ဆိးက မန်စီးတိးကို ၂-၁ နဲ့ အနိုင်ယူခဲ့ပြီးနောက် ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ပြီးနောက် အမှတ်ပေးဖလားကို ၁၉ ကြိမ်မြောက် ကိုင်မြှောက်နိုင်ဖို့အတွက် သေချာသွားခဲ့ကာ အသင်းပရိသတ်တွေ အောင်ပွဲခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားက ပရီးမီးယားလိဂ်ဖလားကို ရယူသွားနိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်အသင်းကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အခြားအသင်းတစ်သင်း ဆုဖလားကို်င်မြှောက်တာကို မြင်တွေ့ရမှာက နာကျင်ခံစားရတယ်လို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။
လီဗာပူးလ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆိးက မန်စီးတိးကို ၂-၁ နဲ့ အနိုင်ယူခဲ့ပြီးနောက် ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ပြီးနောက် အမှတ်ပေးဖလားကို ၁၉ ကြိမ်မြောက် ကိုင်မြှောက်နိုင်ဖို့အတွက် သေချာသွားခဲ့ကာ အသင်းပရိသတ်တွေ အောင်ပွဲခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
"ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ချန်ပီယံ၊ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ ဘယ်အသင်းမဆို ထိုက်တန်တယ်ဆိုတာဖြစ်ပြီးတော့ ဒီအတွက်လည်း အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်၊ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့က အရမ်းခက်ခဲပါတယ်၊ ဒီအတွက်ကလော့ပ်နဲ့ သူ့ရဲ့ကစားသမားတွေက ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်"
"ကျွန်တော့်အတွက်တော့ ဘယ်အချိန်မဆို အခြားတစ်စုံတစ်ဦးက ဆုဖလားကိုင်မြှောက်တာကို မြင်တွေ့ရတာက နာကျင်ရပါတယ်၊ အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အားပေးသူတွေလည်း ဒီအတိုင်းပါပဲ၊ ကျွန်တော်တို့လည်း ဒီအောင်မြင််မှုကို ပြန်လည်ရယူချင်နေတာပါ၊ ဒါက ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုလည်းဖြစ်ပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း France24 က ဖော်ပြခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ်ရယူနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၃ နောက်ပိုင်း အမှတ်ပေးဖလားကို ရယူနိုင်ခြင်းမရှိတော့တာဖြစ်ပြီးတော့ စုစုပေါင်း ၇ ရာသီအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။