အဲဗာတန်နဲ့ လီဗာပူးလ်က ဒါဘီပြိုင်ဘက်ဖြစ်ပါတယ်။

အဲဗာတန်ကစားသမားဘဝမှာ အိမ်နီးချင်းပြိုင်ဘက်လီဗာပူးလ်အပေါ် မုန်းတီးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ယိုဘိုဆီမှာ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်တယ်လို့လည်း ယူဆရပါတယ်။ 


အဲဗာတန်အသင်းမှာ ၁ဝနှစ်ကြာကစားခဲ့တဲ့ နောက်ခံလူဟောင်းယိုဘိုက ပရီးမီးယားလိဂ်အနေနဲ့ ဆုဖလားကို လီဗာပူးလ်အသင်းဆီ မပေးအပ်ပဲ ရာသီဖျက်သိမ်းပစ်လိုက်ဖို့ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်နဲ့ လီဗာပူးလ်တို့ကတော့ မာဆေးဆိုက်ဒါဘီပြိုင်ဘက်တွေဖြစ်ပြီး အမုန်းတရားတွေနဲ့အတူ ခါးသီးတဲ့ပြိုင်ဘက်တွေလည်းဖြစ်ပါတယ်။ 

အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ နိုင်ဂျီးရီးယားကစားသမားဟောင်းက အခုချိန်ထိ အဲဗာတန်အသင်းကို ချစ်မြတ်နိုးနေဆဲဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အဲဗာတန်ကစားသမားဘဝမှာ အိမ်နီးချင်းပြိုင်ဘက်လီဗာပူးလ်အပေါ် မုန်းတီးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ယိုဘိုဆီမှာ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်တယ်လို့လည်း ယူဆရပါတယ်။ 

"အဲဗာတန်ကို ကျွန်တော်ချစ်မြတ်နိုးတယ်၊ ဘာလို့လဲဆိုတော့ အဲဗာတန်မရှိခဲ့ဘူးရင် ယိုဘိုဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းကစားသမားဘဝမှာ အဲဗာတန်နဲ့အတူ ကျွန်တော်တစ်ခုခုအနိုင်ရခဲ့တယ်ဆိုတာ သိပါတယ်၊ အဲဗာတန်နဲ့အတူ အက်ဖ်အေဖလားရရှိဖို့ နီးစပ်ခဲ့ပေမယ့် ချယ်လ်ဆိးကို အရေးနိမ့်ခဲ့ရပါတယ်"

"ဆုဖလားတွေရရှိဖို့က အရေးကြီးပါတယ်၊ ကစားသမားဘဝပြီးဆုံးသွားချိန်မှာ အောင်မြင်မှုတစ်ခုခုပြဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်၊ အဲဗာတန်ကို ကိုယ်စားပြုတဲ့ သူတစ်ဦးအနေနဲ့ လီဗာပူးလ်ကို အနိုင်မပေးနိုင်ပါဘူး၊ သူတို့ အနိုင်ရသွားမှာကိုလည်း ကျွန်တော်မလိုလားပါဘူး၊ ဘောလုံးပရိသတ်တစ်ဦးအနေနဲ့ဆိုရင်တော့ သူတို့က အောင်မြင်မှုရရှိဖို့အတွက် ထိုက်တန်ပါတယ်"

"၂၅ မှတ်အကွာနဲ့ သူတို့က ဦးဆောင်နိုင်ခဲ့တယ်ဆိုတာ မလွယ်ကူလှပါဘူး၊ သူတို့ရဲ့ ပြီးခဲ့တဲ့နှစ်က ပုံစံကိုကြည့်ရင်လည်း မန်စီးတီးကိုပဲ သူတို့အရေးနိမ့်ခဲ့တာပါ၊ ဘောလုံးပွဲတွေကို ချစ်မြတ်နိုးသူတွေအတွက် ကျွန်တော့်ဆန္ဒကမမျှတပါဘူး၊ သူတို့က အရမ်းကြိုးစားခဲ့ပြီး ရမှတ်တွေစုဆောင်းနိုင်ခဲ့တာပါ" လို့ ယိုဘိုက ESPN နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က