ဇူလိုင်လ ၃ ရက်နေ့မှာ ကစားသွားရမှာပါ။

လီဗာပူုးလ်ဟာ ပွဲစဉ် ၇ ပွဲအကျန်မှာပဲ ဆုဖလားရယူနိိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်ဖြစ်ပြီးချင်းမှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ ကစားရမှာလည်းဖြစ်ပါတယ်။ 


လီဗာပူးလ်ကို ဧည့်ခံကစားရမယ့် လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်ပီယံအသင်းကို လက်ခုပ်တီးဂုဏ်ပြုသွားမယ်လို့ မန်စီးတီးနည်းပြဂွာဒီယိုလာက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ လီဗာပူုးလ်ဟာ ပွဲစဉ် ၇ ပွဲအကျန်မှာပဲ ဆုဖလားရယူနိိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်ဖြစ်ပြီးချင်းမှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ ကစားရမှာလည်းဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် လီဗာပူးလ်အနေနဲ့ ချန်ပီယံဆုဖလားကိုလည်း အီတီဟတ်ကွင်းမှာ လက်ခံရယူသွားဖွယ်ရှိနေပြီး လက်ရှိချန်ပီယံအနေနဲ့ ဂုဏ်ပြုခံရမှာလည်းဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး ချန်ပီယံဖြစ်ပြီးတဲ့နောက် ကစားရမယ့်ပွဲမှာ ပြိုင်ဘက်အသင်းကွင်းထဲအဝင် လက်ခုပ်တီးဂုဏ်ပြုနေခဲ့ကြတာဖြစ်ပါတယ်။ 

"ကျွန်တော်တို့ လီဗာပူးလ်ကို ဂုဏ်ပြုသွားမှာပါ၊ လီဗာပူးလ်က ကျွန်တော်တို့ အိမ်ကွင်းကို အံ့မခန်းစွမ်းဆောင်ရည်တွေနဲ့ လာရောက်မယ်ဆိုတာကို ကျွန်တော်တို့ လက်ခံကြိုဆိုသွားမှာပါ၊ သူတို့ကို အခုလိုဂုဏ်ပြုပေးဖို့က တကယ်ပဲထိုက်တန်ပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

မန်စီးတီးဟာ ချယ်လ်ဆီးကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ လီဗာပူးလ်အသင်းချန်ပီယံဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ကျန် ၇ ပွဲအလိုမှာ ၂၃ မှတ်အထိ လီဗာပူးလ်က ဖြတ်တောက်ထားခဲ့တာဖြစ်လို့ မန်စီးတီးအသင်း ဘယ်လိုမှလိုက်မမီနိုင်တော့ဘဲ လီဗာပူးလ်ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အမှတ်ပေးချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးဟာ ဒီနေ့မှာတော့ နယူးကာဆယ်နဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲကို ကစားသွားရမှာလည်းဖြစ်ပါတယ်။ ဂွာဒီယိုလာက လက်ရှိမှာတော့ အဆိုပါပွဲကိုအာရုံစိုက်ထားပြီး ဆုဖလားဆွတ်ခူးနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က