အလွတ်ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။

ဝီလီယံနဲ့ ချယ်လ်ဆီးတို့ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားအနေနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့မယ်ဆိုပါက အလွတ်ပြောင်းရွှေ့နိုင်မှာလည်းဖြစ်ပါတယ်။


ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်တောင်ပံကစားသမားဝီလီယံဟာ လီဗာပူးလ်ကိုပြောင်းရွှေ့ဖို့ အံ့အားသင့်ဖွယ်ရာဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ စပိန်သတင်းစာတွေဖြစ်တဲ့ Sport နဲ့ SportWitness တို့ကလည်း ချယ်လ်ဆီးအနေနဲ့ ကော်တင်ဟိုကို ခေါ်ယူမှာဖြစ်လို့ ဝီလီယံဟာ ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဝီလီယံနဲ့ ချယ်လ်ဆီးတို့ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားအနေနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့မယ်ဆိုပါက အလွတ်ပြောင်းရွှေ့နိုင်မှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ သူတို့ရဲ့ ဆွေးနွေးမှုတွေက ကောင်းမွန်နေတယ်လို့ သိရပြီး ဝီလီယံအတွက် လီဗာပူးလ်က မက်မောဖွယ်ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ 

၂၀၁၃ ခုနှစ်မှာ အန်ဇီကနေ ချယ်လ်ီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဝီလီယံဟာ ပရီးမီးယားလိဂ်မှာသာ ဆက်လက်ကစားချင်နေသလို အင်္ဂလန်မှာ နေထိုင်ရတာလည်း အသားကျနေပြီဖြစ်တာကြောင့် ဆက်လက်ကစားနိုင်ဖို့ကို ဆန္ဒရှိနေပါတယ်။ ချယ်လ်ဆီးဘက်က ကမ်းလှမ်းခဲ့မှုမှာ သူလိုချင်တဲ့ စာချုပ်သက်တမ်းမျိုးမဟုတ်တာကြောင့် ညှိနှိုင်းမရဖြစ်ခဲ့ပြီး အသင်းကထွက်ခွာဖို့ သေချာနေတယ်လို့ ဝီလီယံက ဝန်ခံခဲ့ဖူးပါတယ်။

လမ်းပတ်ကလည်း ကော်တင်ဟိုကို ခေါ်ယူဖို့ကို ပိုမိုအလေးထားနေပြီး ဝီလီယံထွက်ခွာမယ့်အပေါ်မှာ တားဆီးဖွယ်မရှိဘူးလို့ သတင်းများကဖော်ပြခဲ့ပါတယ်။ ဝီလီယံအနေနဲ့ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ကစားပေးထားခဲ့ရပြီး ၇ ဂိုးအထိသွင်းယူကာ အသင်းအတွက် ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သက်တမ်းတိုးမြှင့်ဖို့က အဆင်မပြေဖြစ်နေခဲ့ပြိး ဝီလီယံက ၂နှစ်၊ ၃နှစ်စာချုပ်မျိုး ချုပ်ဆိုချင်နေပေမယ့် ချယ်လ်ဆီးဘက်က ကမ်းလှမ်းခဲ့မှုက တစ်နှစ်တည်းသာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအတွက် ဝီလီယံဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး အသင်းသစ်ကို ရှာဖွေနေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က