အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုချင်တော့ဘူးလို့ သိရပါတယ်။

သီယာဂိုနဲ့ ဘိုင်ယန်တို့ဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အခြားထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်နေတယ်လို့ ဆိုပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူသီယာဂိုအယ်လ်ကန်တာရာဟာ လာမယ့်နွေရာသီစျေးကွက်မှာ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို ့သိရပါတယ်။ သီယာဂိုနဲ့ ဘိုင်ယန်တို့ဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားက အခြားထိပ်တန်းအသင်းတစ်သင်းမှာ ကစားချင်နေတယ်လို့ ဆိုပါတယ်။

Goal.com ရဲ့ ဖော်ပြချက်အရ သီယာဂိုဟာ စာချုပ်သစ်မချုပ်ဆိုချင်တော့ဘဲ သူ့ရဲ့အသက်အရွယ်အရ ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့နိုင်မယ့် နောက်ဆုံးအခွင့်အရေးကို ရယူချင်နေတယ်လို့ သိရပါတယ်။ သီယာဂိုဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဘာစီလိုနာကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ကစားနေခဲ့သူဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အတွက် ၇ ရာသီကစားပေးထားခဲ့ပြီး အသင်းရဲ့ အားအထားရဆုံးကွင်းလယ်လူအဖြစ် သီယာဂိုက ရပ်တည်နိုင်ခဲ့ပါတယ်။ အဆိုပါ ၇ ရာသီစလုံးမှာ သီယာဂိုက ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ အရေးပါတဲ့နေရာက ပါဝင်နိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာ သီယာဂိုရဲ့ တန်ဖိုးကို ယူရိုသန်း ၅ဝအထိ သတ်မှတ်ထားကြောင်း သိရပါတယ်။ ဂျာမနီနာမည်ကြီးသတင်းစာ Bild ရဲ့ အားကစားအယ်ဒီတာဖြစ်သူ ခရစ္စယန်ဖော့ခ်က ဘိုင်ယန်မြူးနစ်အသင်းရဲ့ အတွင်းသတင်းများအရ သီယာဂိုဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရကြောင်း သူ့ရဲ့တွစ်တာအကောင့်ကနေ ဖော်ပြခဲ့ပါတယ်။ 

လီဗာပူးလ် ဒါမှမဟုတ် ဘာစီလိုနာတို့ဟာ သီယာဂိုရွေးချယ်နိုင်တဲ့ ပစ်မှတ်နှစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ လီဗာပူးလ်နည်းပြကလော့ပ်အနေနဲ့ အသင်းကွင်းလယ်ပိုင်းမှာ ဖန်တီးပေးနိုင်စွမ်းမြင့်မားတဲ့ ကစားသမားရှားပါးနေမှုကို သီယာဂိုနဲ့ ဖြည့်တင်းနိုင်မယ့် အခွင့်အရေးဖြစ်ပြီး သူတို့ဘက်ကကမ်းလှမး်မှုပြုလုပ်သွားမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က