လက်ကျန် ၉ ပွဲအလိုမှာ လီဗာပူးလ်က ၂၅ မှတ်ဖြတ် ဦးဆောင်နေတာပါ။

ပရီးမီးယားလိဂ်ဟာ စုစုပေါင်း ၉ ပွဲအထိကစားဖို့ ကျန်ရှိနေသေးပြီး လီဗာပူးလ်က မန်စီးတိးကို ၂၅ မှတ်အထိ ဖြတ်တောက်ထားကာ ဦးဆောင်နေခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူလုခ်ရှောက ပရီးမီးယားလိဂ်အနေနဲ့ ဘောလုံးရာသီအသစ်ကို ပြန်လည်စတင်သင့်တယ်လို့ ပြောဆိုလိုက်ပြီး ချန်ပီယံအသင်းကိုလည်း မသတ်မှတ်သင့်ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ စုစုပေါင်း ၉ ပွဲအထိကစားဖို့ ကျန်ရှိနေသေးပြီး လီဗာပူးလ်က မန်စီးတိးကို ၂၅ မှတ်အထိ ဖြတ်တောက်ထားကာ ဦးဆောင်နေခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ပြန်လည်စတင်နိုင်မယ့်အချိန်ကို မသိရှိရသေးပဲ ကိုရိုနာဗိုင်းရပ်စ်ပြဿနာပြီးဆုံးမယ့်အချိန်ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားဆွတ်ခူးနိုင်မယ့် အခြေအနေနဲ့ နီးစပ်နေခဲ့ပြီးမှ အခုလိုမျိုး ပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရလို့လည်း ချန်ပီယံဖြစ်ခွင့်က မသေမချာဖြစ်နေပြန်ပါတယ်။ 

လုခ်ရှောက "ပြန်လည်စတင်ရမှာပါ၊ တကယ်လို့ ဒီရာသီကို ကျွန်တော်တို့ပြီးဆုံးအောင်မကစားနိုင်ခဲ့ဘူးဆိုရင် ပျက်ပြယ်သွားရမှာပါပဲ" လို့ လုခ်ရှောက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ လုခ်ရှောရဲ့ ပြောဆိုမှုမှာ ချန်ပီယံအဖြစ် သတ်မှတ်ပေးစရာမလိုဘူးလို့ ပါရှိနေခဲ့ပြီး ဒါဟာ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ အမျက်ထွက်စရာဖြစ်လာခဲ့ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဇွန်လအတွင်းမှာ ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်ထားပြီး ပွဲတွေကို ကွင်းပိတ်ကစားသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ လုခ်ရှောက "ပရိသတ်က အရေးကြီးပါတယ်၊ ပရိသတ်တွေမရှိဘဲနဲ့တော့ အားကစားလို့မမည်ပါဘူး၊ ပရိသတ်တွေရှေ့မှာ ကစားရတာမဟုတ်ရင်တော့ မှန်ကန်တဲ့ခံစားမှုမျိုးရှိမှာမဟုတ်ပါဘူး"

"အထူးသဖြင့် ပွဲကစားရမယ့်နေ့တွေဆိုရင် ပရိသတ်တွေက အရမ်းအံ့အားသင့်စရာကောင်းပါတယ်၊ အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ် အသင်းကို အကူအညီပေးနိုင်ကြပါတယ်၊ ကျွန်တော်တို့ပရိသတ်တွေက မယုံကြည်နိုင်စရာလောက်အောင်ပါပဲ၊ သူတို့က ကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိနေသလို ခံစားရပါတယ်" လို့ လုခ်ရှောက ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က