လီဗာပူးလ်ကလည်း အမှန်တကယ်စိတ်ဝင်စားနေပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂျာမနီလက်ရွေးစင်ဟာ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းဌာနအများအပြားက ဖော်ပြရေးသားမှုတွေရှိခဲ့့ပြီး အားလုံးရဲ့နောက်ဆုံးအဆုံးသတ်က လီဗာပူးလ်ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ 


လိုက်ဇစ်အသင်းမှာကစားနေတဲ့ တေလာအဒမ်က အသင်းဖော်တိုက်စစ်မှူးတီမိုဝါနာဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်လို ကြီးကျယ်ခမ်းနားတဲ့ ထိပ်သီးအသင်းတစ်သင်းမှာကစားဖို့အတွက် ၀ါနာဘက်က ငြင်းစရာအကြောင်းရင်းမရှိဘူးလို့လည်း အဒမ်က ယူဆနေပါတယ်။ 

လိုက်ဇစ်အတွက် ဒီရာသီမှာ တော်တော်လေးခြေစွမ်းပြနေတဲ့ ၀ါနာကို လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်ကလည်း စိတ်ဝင်စားနေပါတယ်။ အသက် ၂၄ နှစ်အရွယ်ဂျာမနီလက်ရွေးစင်ဟာ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းဌာနအများအပြားက ဖော်ပြရေးသားမှုတွေရှိခဲ့့ပြီး အားလုံးရဲ့နောက်ဆုံးအဆုံးသတ်က လီဗာပူးလ်ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ 

ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အဒမ်က ၀ါနာရဲ့အရည်အချင်းတစ်ခုခုကို ပြောပြပေးဖို့ တေင်းဆိုခံရတဲ့အပေါ်မှာ "တစ်ခုခုပြောဖို့ဆိုတာက ခက်ခဲပါတယ်၊ ပရိသတ်တွေက သူ့ရဲ့ ဂိုးသွင်းနို်င်စွမ်းကိုတင်မကဘဲ သူဘယ်လောက်ထိ မြန်ဆန်တယ်ဆိုတာကိုပါ အာရုံစိုက်ကြည့်ရှုနေလို့ပါ၊ သူ့ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် နေရာအများအပြားမှာ အသုံးတည့်မှာပါ"

"ဒါကသူ့ရဲ့ ထူးခြားတဲ့အပိုင်းအစလေးတစ်ခုပါပဲ။ ခင်ဗျားအနေနဲ့ နည်းလမ်းမျိုးစုံကနေ ဂိုးသွင်းယူနိုင်တယ်ဆိုရင် ကမ္ဘာအ့ကောင်းဆုံးကလပ်အသင်းတစ်ခုမှာ နှစ်ပေါင်းများစွာ အမြင့်ဆုံးအဆင့်နဲ့ ကစားနိုင်မှာပါ၊ သူနဲ့အတူ ကစားခွင့်ရတာ တကယ်အဖိုးတန်ပါတယ်၊ သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးပါ" လို့ အဒမ်က ပြောဆိုသွားခဲ့ပါတယ်။ တီမိုဝါနာဟာ ဒီရာသီမှာ လိုက်ဇစ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူပေးထားနိုင်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က